MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (26 - 02 - 08)

လွိုင်ကော်မြို့မှ မြန်မာပြည်အနှံ့GSM ဖုန်းဆက်သွယ်နိုင်ပြီ။

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ပြည်တွင်းအနှံ့နှင့် ပြည်ပသို့ အလွယ်တကူ GSM မိုဘိုင်းဖုန်းပြောဆိုနိုင်ရန်အတွက် ကယားပြည်နယ် လွိုင်ကော်မြို့တွင် GSM ရေဒီယိုစခန်း တစ်ခုတည်ဆောက်ထားပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ GSM ရေဒီယိုစခန်းသစ်တစ်ခု ထပ်မံတိုးချဲ့တည်ဆောက်လိုက်သဖြင့် ယခုအခါ လွိုင်ကော်မြို့မှ မြန်မာနိုင်ငံအနှံ့သို့ ၂၀၀၈ ဖေဖေါ်ဝါရီဒုတိယပတ်မှစတင်၍ GSM မိုဘိုင်းဖုန်းခေါ်ဆိုနိုင်ပြီဖြစ်သည်။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယခင်က အော်တိုတယ်လီဖုန်းသာရှိခဲ့ရာမှ ၂၀၀၇ နိုဝင်ဘာလမှစ၍ GSM မိုဘိုင်းဖုန်းအလုံး ၁၀၀၀ ချပေးခဲ့ပြီး ဖုန်းနံပါတ်မှာ ၀၉၅၆၀ ဖြစ်ကြောင်းနှင့် တတိယအသုတ်အဖြစ် GSM မိုဘိုင်းဖုန်း အလုံး ၅၀၀ ထပ်မံချပေးရန် အစီအစဉ်ရှိကြောင်းသိရသည်။

မင်းအောင်