MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 02 - 08)

မော်ရွှေမြိုင်ကြက်သွန်ဖြူဈေးကွက် ။

တောင်ကြီး၊ ကလော၊ ဟဲဟိုးစသည့်မြို့များမှထွက်သော ကြက်သွန်ဖြူများကို ရန်ကုန်၊ မန္တလေးမှတစ်ဆင့် မော်လမြိုင်မြို့တွင် ရောင်းချကြရာ ၂၀၀၇ နိုဝင်ဘာ နှင့်ဒီဇင်ဘာ လများတွင် တရုတ်မျိုးကြက်သွန်ဖြူလုံးကြီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ လုံးငယ် ၂၀၀၀ ကျပ်ရှိပြီး မြန်မာမျိုးကြက်သွန်ဖြူ ဥတစ်လုံးတစ်ပိဿာ ၂၀၀၀ ကျပ်ရှိခဲ့သည်။ ၂၀၀၈ ဇန်န ၀ါရီလတွင် တရုတ်ကြက်သွန်ဖြူလုံးကြီး ၂၀၀၀ ကျပ်၊ လုံးငယ် ၁၇၀၀ ကျပ်ရှိပြီး ယခုဖေဖေါ်ဝါရီလသည် ကြက်သွန်ဖြူသစ် ထွက်ပေါ်ချိန်ဖြစ်၍တစ်ကြောင်း၊ တောင်ကြီး၊ ဟဲဟိုး၊ ကလော စသည့်မြို့များမှ တိုက်ရိုက်ရောင်းချခြင်းကြောင့်လည်းကောင်း၊ တရုတ်ကြက်သွန်ဖြူလုံးကြီး တစ်ပိဿာ ၁၄၀၀ ကျပ်သာရှိပြီး အလုံးငယ် ၁၂၀၀ ကျပ်၊ မြန်မာဥတစ်လုံး ကြက်သွန်ဖြူလုံးကြီး တစ်ပိဿာ ၁၀၀၀ ကျပ်၊ လုံးငယ် ၈၀၀ ကျပ်ဈေးဖြစ်နေကြောင်းသိရသည်။

သန်းသန်းဝင်း