ဒေါ်လာဈေးနှုန်းအားပျော့သည့်အတွက် ရေနံဈေးနှုန်း ၁၂၆ ဒေါ်လာထိတက် ။
ဒေါ်လာဈေးနှုန်းအေးနေသဖြင့် ရင်းနှီးမြှုပ်နှံသူတို့က ကုန်စည်များအပေါ်မြှုပ်နှံလာသည့်အတွက် ရေနံတစ်စည်၏ဈေးနှုန်းသည် မေလ ၉ ရက်နေ့က ၁၂၆ ဒေါ်လာ အထိ ရောက်ရှိခဲ့သည်။ နယူးယောက်ကုန်စည် ဒိုင်တွင် မနက်ပိုင်းက ဇွန်လအတွက်ရောင်းချသောနှုန်းမှာ တစ်စည်လျှင် ၁၂၆ ဒေါ်လာထိရောက်ရှိရာမှ တစ်စည် လျှင် ၁၂၄ ဒဿမ ၇၈ ဒေါ်လာသို့ပြန်ကျသွားသည်။ လန်ဒန် Brent ရေနံစိမ်းကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် ICE Futures Exchange တွင် တစ်စည်လျှင် ၁ ဒဿမ ၇၉ ဒေါ်လာတက်ပြီး ၁၂၄ ဒဿမ ၆၃ ဒေါ်လာထိရောက် ရှိခဲ့သည်။
ဥရောပဗဟိုဘဏ်သည် အတိုးနှုန်းကိုဖြတ်တောက်ရန် စဉ်းစားမည်မဟုတ်ကြောင်း ဘဏ်ဥက္ကဌ Jean Claude Trichet က မေလ ၈ ရက်နေ့ကပြောကြားခဲ့သည်။ ထိုဝေဖန် ပြောကြားမှုကြောင့် အမေရိကန်ငွေကြေးနှင့် လဲလှယ်ရာတွင် ယူရိုငွေကြေးကိုပိုမိုခိုင်မာလာစေခဲ့သည်။ နယူးယောက်တွင် မေလ ၈ ရက်နေ့ညက ယူရိုနှင့် လဲ လှယ်နှုန်းမှာ ၁ ဒဿမ ၅၄၀၄ ဒေါ်လာရှိခဲ့သော်လည်း သောကြာနေ့နေ့လည်တွင် ၁ ဒဿမ ၅၄၆၆ ဒေါ်လာ ထိရောက်ရှိခဲ့သည်။ ဒေါ်လာသည် ပေါင်နှင့် ယန်းငွေတို့နှင့်လဲလှယ်ရာတွင်လည်း အားနည်းခဲ့သည်။
ငွေကြေးဖောင်းပွမှုမှ ကာကွယ်ရန်အတွက် ရေနံကဲ့သို့သောကုန်စည်များကို ရင်းနှီးမြှုပ်နှံသူတို့က အကာအရံတံတိုင်း (hedge) အဖြစ်သဘောထားကြသည်။ လွန်ခဲ့သော တစ်နှစ်ကတည်းက နာတာရှည်ဖြစ်ခဲ့သောဒေါ်လာ ဈေးနှုန်းကြောင့် ရေနံဈေးနှုန်းနှစ်ဆတက်ခဲ့ရသည်ဟု အချို့ကယူဆကြသည်။
ရေနံဈေးနှုန်းသည် နှစ်နှစ်အတွင်း တစ်စည်လျှင်ဒေါ်လာ ၁၅၀ မှ ဒေါ်လာ ၂၀၀ ထိဖြစ်လာနိုင်သည်ဟု ဂိုလ်မန်းဆက်မှ လေ့လာဆန်းစစ်သူတို့၏ ခန့်မှန်းချက်ကြောင့်လည်း ရေနံဈေးနှုန်းတက်ရခြင်းဖြစ်နိုင်သည်။
ရေနံဈေးနှုန်းတက်ရခြင်းမှာ ရောင်းလိုအားပြတ်တောက်မည့် အလားအလာအပေါ်စိုးရွံ့မှုနှင့် အမေရိကန် နွေကာလကားမောင်းရာသီအတွက် ရေနံစိမ်းဝယ်လိုအား တက်လာ မည့် လက္ခဏတို့ပေါင်းစည်းမှုကြောင့် ရေနံ ဈေးနှုန်းတက်ရသည်ဟု မဲလဘုန်းမြို့ရှိ ANZ ဘဏ်မှ အကြီးတန်းကုန်စည်မဟာဗျူဟာ Mar Pervan ကပြောကြား သည်။
ရေနံဖြန့်ဖြူးမှုမှာ လုံလောက်နေပြီဖြစ်ကြောင်း အိုပက်အထွေထွေအတွင်းရေးမှူး Abdalla Salem EL-Babri ကပြောကြားခဲ့သည့်အတွက် ရေနံဈေးနှုန်းတက်လာရခြင်းလည်း ဖြစ်နိုင်သည်။ နယူးယောက်ကုန်စည်ဒိုင် တွင်ဓါတ်ဆီကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် တစ်ဂါလံလျှင် ၁ ဒဿမ ၉၂ ဆင့်တက်ပြီး ၃ ဒဿမ ၁၅၇၀ ဒေါ်လာ၊ အပူပေးလောင်စာဆီဈေးနှုန်းမှာ တစ်ဂါလံ ၃ ဒဿမ ၀၂ ဆင့်တက်ပြီး ၃ ဒဿမ ၅၄ ဒေါ်လာဖြစ်ခဲ့သည်။ သဘာဝဓါတ်ငွေ့ကြိုရောင်းကြိုဝယ်ဈေးမှာ ၁၀၀၀ ကုဗပေလျှင် ၅ ဒဿမ ၂ ဆင့်တက်ပြီး ၁၁ ဒဿမ ၃၁၄ ဒေါ်လာထိတက်ခဲ့သည်။
Source:Iht.com(9-5-08)
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး
|