MOC Home|Download Font|Contact
Trade News
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (05 - 09 - 08)
အာဆီယံ+၆ စီးပွားရေးဝန်ကြီးများပူးတွဲသတင်းကြေညာချက်ထုတ်ပြန်။
အာဆီယံ၊ သြစတြေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများသည် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ (EAS) မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့်သက်ဆိုင်သောအပြုသဘောအမြင်များ အစည်းအဝေးကို ၂၀၀၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်။
၂၀၀၈ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ကျင်းပသည့် အာဆီယံနှင့် တောင်အာရှနိုင်ငံများ၏ စီးပွားရေးသုတေသန ဌာန (Economic Research Institute for ASEAN and East Asia-ERIA)  ဘုတ်အဖွဲ့အစည်းအဝေး (Inaugural Governing Board Meeting) တွင် ERIA ကို ထူထောင်နိုင်ခဲ့ခြင်းအား ၀န်ကြီးများ ကကြိုဆို ခဲ့ကြသည်။ စီးပွားရေးပေါင်းစည်းမှုနက်ရှိုင်းအောင်ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုကွာခြားချက် လျော့ချရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ERIA ၏ လက်တွေ့ကျ သောမူဝါဒဆိုင်ရာ ထောက်ခံတင်ပြ ချက်များရရှိရန်အတွက်လည်း မျှော်လင့်ထားကြပါသည်။ အထူးသဖြင့် ဒေသတစ်ခုလုံးအတိုင်းအတာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် စေရန် အတွက်ဆောင်ရွက်မည့် ERIA ၏အရှေ့ အာရှစက်မှုစင်္ကြံစီမံကိန်း (ERIA East Asia Industrial Corritor) ကိုလည်း ၀မ်းမြောက်စွာလက်ခံခဲ့ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများချိတ်ဆက်မှုနှင့်အရေးပါမှုတို့ကိုလည်းအတည်ပြုခဲ့ကြသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်အရည်အသွေး တိုးတက်မှု၏ အရေးပါပုံကို ဖော်ပြပေးနေသည့် ERIA Energy Outlookကို စိတ်ပါဝင်စား မှုရှိခဲ့ကြသည်။ ERIA ၏ဆောင်ရွက်မှုရလဒ်များနှင့်ပတ်သက်ပြီး EAS ခေါင်းဆောင်များ အားတင်ပြအစီရင်ခံစာကိုလည်း ၀န်ကြီးများက သဘောတူခဲ့ပါသည်။
ဝန်ကြီးများသည် စွမ်းအင်နှင့်စားနပ်ရိက္ခာဈေးနှုန်းတက်မှုများနှင့်ပတ်သက်ပြီးလက်ငင်းဖြစ်ပေါ်နေသည့် ဒေသဆိုင်ရာနှင့်အပြည်ပြည်ဆိုင်ရာမူဝါဒပြဿနာများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဤကိစ္စနှင့်စပ်လျဉ်းပြီး ERIA နဲ့ပူးပေါင်းပြီး စွမ်းအင်နှင့်စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကိုလက်ခံကျင်းပရန် ဂျပန်နိုင်ငံ၏အဆိုပြုချက်ကို ၀န်ကြီးများကကြိုဆိုခဲ့ပါသည်။
   ယခုနှစ် ဇူလိုင်လတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၀န်ကြီးအဆင့်ဆွေးနွေးပွဲ၌ တိုးတက်မှု များစွာရှိခဲ့သည့်အတွက် အဖွဲ့ဝင်များ အချင်းချင်းသဘောတူညီမှုရရန် နီးစပ်မှုရှိကြောင်းကို ၀န်ကြီးများက အသိအမှတ်ပြုခဲ့ပါသည်။ သို့ရာတွင် စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးမဟုတ်သည့် ကုန်ပစ္စည်းများဈေးကွက်တင်ပို့မှု (NAMA) နှင့်ပတ်သက်သော ကိစ္စများကိုဖြေရှင်းရန်အတွက် ဖြေရှင်းခြင်းမပြုရသေးသည့် ပြဿနာများရှိနေပါ သေးသည်။ ယနေ့အထိ သဘောတူညီမှုရထားပြီးဖြစ်သည့် သဘောတူညီချက်များကို ထိန်းသိမ်းနိုင်ရန်စီးပွားရေးလုပ်ငန်းများအတူအကွ ပူးပေါင်းဆောက်ရွက်ရန်နှင့် ဆွေးနွေးပွဲကို အပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက် အပြုသဘောဆောင်ပြီး ဆက်လက် ဆောင်ရွက်မှုပြုသွားရန် ၀န်ကြီးများ က သဘောတူညီခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်များရရှိအောင်ဆောင်ရွက်ရန်နှင့် ကမ္ဘာ့ဘဏ္ဍာရေးနှင့် စားနပ်ရိက္ခာအကျပ် အတည်းကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ရန်အတွက် ဆွေးနွေးပွဲကိုအပြီးသတ် သဘောတူ ညီမှုရသည့်အထိ ဆောင်ရွက်ရန်ကိုလည်း ၀န်ကြီးများက အလေးထား ပြောကြားခဲ့သည်။ ညှိနှိုင်းဆွေးနွေးမှုများကို လာမည့်သီတင်းပတ်များတွင် ပြန်စရန်နှင့် ရရှိထားသည့်အခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် ကျန်နယ် ပယ်များကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင် ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမို ဆောင်ရွက်သွားမည် ဟု ၀န်ကြီးများကကတိပြုခဲ့သည်။
   ဒေသတွင်း နိုင်ငံများအကြား ကွာခြားချက်များကိုပေါင်းကူးပေးရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Lamy ၏ကြိုးစားမှု များနှင့် အဓိကကျသည့်နိုင်ငံများက နိုင်ငံရေးအရ ဆုံးဖြတ်ဆောင်ရွက် ရန်နှင့်သဟဇာတဖြစ်ပြီးရည်မှန်းချက်ပြည့်ဝသည့်ရလဒ်များပေါ်ထွက် ရန်ပြော့ပြော့ပြောင်းပြောင်းဆောင် ရွက်ကြရန်အတွက် Lamy ၏ပန်ကြားချက်ကို ၀န်ကြီးများကထောက်ခံခဲ့ပါသည်။ နိုင်ငံအများအပြားအပြန်အလှန်ကုန်သွယ်မှု စနစ်၏ဂုဏ်သိက္ခာ တိုးတက်မှုရှိအောင် ဆောင်ရွက်မှုသည် အရေးပါမှုရှိကြောင်းဝန်ကြီးများက သဘောတူညီခဲ့ပါသည်။ထို့ပြင် ကျန်နယ်ပယ်များကိုတစ်ကြိမ်တည်းနှင့် အပြီးဖြေရှင်းနိုင်ရန်အတွက်စိုက်ပျိုးရေး နှင့်စိုက်ပျိုးရေးမဟုတ်သည့် ဈေးကွက်ဆက်သွယ်မှုပုံစံများကို ရေးဆွဲချမှတ်ပြီးပါက ဂျနီဗာမြို့တွင်လုပ်ငန်းကိုပြန်စ ရန်ကိုလည်း သဘောတူခဲ့ပါသည်။
တင်ပြသူ။ ဒေါက်တာထိန်လင်း