မလေးရှားသည် ဆန်ထုတ်လုပ်မှုမြင့်တင်နိုင်ရန်အတွက် အစီအမံများကြေညာလိုက်ခြင်း။
မလေးရှားနိုင်ငံဗဟိုအစိုးရက ဆန်ထုတ်လုပ်မှုကိုမြင့်တင်နိုင်ဖို့အတွက် ဆန်စိုက်ပျိုးသူ ၂၂၀၀၀၀ အား ရင်းဂစ် ၁ ဘီလျံ (ကန်ဒေါ်လာ ၂၉၅ ဒသမ ၉၇ သန်း) ကို မက်လုံး အဖြစ် ထောက်ပံသွားရန်ဆုံးဖြတ်လိုက်ပါတယ်။ မြေလွတ်မြေရိုင်း ဟတ်တာ ၁၃၀၀ ကျော်ကို ဆန်စိုက်ပျိုးမှုနဲ့ အခြားသီးနှံများ၊ ဟင်းသီးဟင်းရွက်များနဲ့ မွေးမြူ ရေးလုပ်ငန်းများမှာ အသုံးပြုဖို့အစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ် Abdullah Ahmad Badawi မှပြောကြားလိုက်တယ်။ မလေးရှားနိုင်ငံအစိုးရက ပြည်တွင်းစားနပ်ရိက္ခာ လုံလောက်မှုရှိစေရေးအတွက် လယ်ယာ စိုက်ပျိုးရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တော့မှာ ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။
Source:oryza.com (1.9.08)
အေးမွန်မွန်လှိုင်
|