(၆) ကြိမ်မြောက်အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများအစည်းအဝေးကျင်းပ။
အာဆီယံစီးပွားရေးဝန်ကြီးများ (AEM) နှင့် အိန္ဒိယသမ္မတနိုင်ငံစီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးတို့၏ ခြောက်ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ (6th AEM-India Consultations) အားစင်္ကာပူနိုင်ငံ၌ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ ဆွေးနွေးညှိနှိုင်းပွဲများကို စင်္ကာပူနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး H.E Lin Hng Kiang နှင့် အိန္ဒိယနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး H.E. Kamal Nath တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
နှစ်ပတ်လည်ဆွေးနွေးပွဲကို ၀န်ကြီးများက ကမ္ဘာ့ကုန်သွယ်ရေးနှင့်ဒေသဆိုင်ရာကုန်သွယ်ရေးအား အကျိုးသက်ရောက်မှုရှိနေသည့် ပြဿနာများနှင့်ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။ အထူး သဖြင့် အာဆီယံနှင့်အိန္ဒိယနိုင်ငံတို့ဆောင်ရွက်နေသည့် နှစ်နိုင်ငံ ကုန်သွယ်မှု၏ ထူးခြားကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးနှင့်ဒေသဆိုင်ရာကုန်သွယ်ရေးတွင်စိန်ခေါ်မှုများရှိနေသော်လည်းအာဆီယံ-အိန္ဒိယနှစ်ဘက်အပြန်အလှန်ကုန်သွယ်မှုကထူးခြားသည့်နှုန်းထားနှင့် ဆက်လက် တိုးတက်နေသည့်အတွက်ဝန်ကြီးများ ကမှတ်တမ်းတင်ထားရှိခဲ့ပါသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အာဆီယံနှင့်အိန္ဒိယတို့၏ကုန်စည်ကုန် သွယ်မှုသည်တစ်နှစ်ပျမ်းမျှ ၂၈ ရာခိုင်နှုန်းတိုးတက်ခဲပါသည်။ အလားတူကာလတွင် အာဆီယံအဖွဲ့က အိန္ဒိယနိုင်ငံသို့ ပြည်ပပို့ကုန်တင်ပို့ရာတွင် နှစ်စဉ်ပျမ်းမျှ ၃၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အာဆီယံအဖွဲ့ ၏ တင်ပို့မှုသည် အဓိကကုန်သွယ်ဖက်များ တွင် အမြင့်မားဆုံးဖြစ်ခဲ့ပါသည်။ အာဆီယံစုစုပေါင်းကုန်သွယ်မှုမှာ အာဆီယံ-အိန္ဒိယကုန်သွယ်မှုဝေစု သည် ဆက်လက်တိုးတက်နေပြီး အိန္ဒိယနိုင်ငံသည်သတ္တမမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ပါက ၂၀၀၇ ခုနှစ်တွင် အာဆီယံ ဒေသတွင် အိန္ဒိယနိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာတန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၆၄၁သန်းရှိပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံး စံချိန်ဖြစ်ခဲ့ပါသည်။
ကုန်စည်ကုန်သွယ်ရေးနှင့်သက်ဆိုင်သောဆွေးနွေးပွဲဖြစ်သည့်အာဆီယံ-အိန္ဒိယလွတ်လပ်သော သဘောတူညီချက် (AIFTA) ကို အပြီးသတ် သဘောတူညီမှုရှိခဲ့ပြီဖြစ်ကြောင်း ၀န်ကြီးများကကြေညာခဲ့ပါသည်။ ဆွေးနွေးညှိနှိုင်းပွဲတွင်အခက်အခဲများရှိခဲ့သော်လည်း အကောက်အခွန်လျှော့ချရေးနှင့်/သို့မဟုတ် ဖျက်သိမ်းရေးသဘောတူညီချက်ကို နှစ်ဘက်စလုံးကရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၀န်ကြီးများကနှစ်ခြိုက်စွာ သဘောတူညီ ကြပါသည်။ ဤအချက်များသည် လူဦးရေအားဖြင့် ၁ ဒသမ ၇ ဘီလျှံရှိပြီး ၂၀၀၇ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၂၃၈၁ဘီလျှံရှိနေသည့် ဤဒေသတွင် လွတ်လပ်သောဈေးကွက်ထူထောင်ရေးသည် အဓိကကျသည့် အခြေခံများဖြစ်ပါသည်။ အာဆီယံနှင့်အိန္ဒိယနိုင်ငံအတွက်သာမက အရှေ့အာရှဒေသကြီးတစ်ခုလုံးအတွက်ပါရေရှည်တည်တံ့သည်တိုးတက်မှုနှင့် ကောင်းမွန်သည့် သာယာဝ ပြောမှုကိုပေးစွမ်းနိုင်မည့်စီးပွားရေးအလားအလာများကို ဖော်ဆောင်ရာတွင် AIFTA က အဓိကအနေ အထားတွင်ရှိနေ ကြောင်းဝန်ကြီးများက ရှုမြင်သုံးသပ်ကြပါသည်။
အာဆီယံ-အိန္ဒိယကုန်စည်ကုန်သွယ်မှုသဘောတူညီချက် (ASEAN-India Trade and in Goods Agreement) နှင့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ အာဆီယံ-အိန္ဒိယ သဘော တူညီချက် (ASEAN-India Agreement on Dispute Settlement Mechanism) တို့ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အာဆီယံ-အိန္ဒိယ ထိပ်သီး ဆွေးနွေးပွဲတွင် တင်ပြနိုင်ရန်အတွက်အရာရှိများကအပြီးသတ်ပြုစုနိုင်ရန်ဝန်ကြီးများကသဘောတူခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အကောက်ခွန်လျှော့ချရေး ကတိပြုချက် များကို ရည်မှန်းချက်ထား၊ ပြင်ဆင်ထားရန် ၀န်ကြီးများကသဘောတူခဲ့ပါသည်။
ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကိစ္စတို့ကို တစ်ချိန်တည်းပူးတွဲ၍ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အတတ်နိုင်ဆုံးစတင်ဆောင်ရွက်နိုင်ရန်နှင့် အာဆီယံ-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူ ညီချက် (ASEAN-India Comprehensive Economic Co-operation Agreement) ကို အပြီးသတ် ဆောင်ရွက်နိုင် ရန်အတွက်၂၀၀၉ ခုနှစ်တွင်အပြီးတင်သွင်းနိုင်ရန်အတွက် အရာရှိများအားဝန်ကြီးများ ကညွှန်ကြားခဲ့ပါသည်။
ဝန်ကြီးများသည် ဒိုဟာဆွေးနွေးပွဲ (Doha Round) တွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကိုတင်ပြပြီး ပိုမိုခိုင်မာသောနိုင်ငံစုံကုန်သွယ်မှုစနစ် က အဖွဲ့ဝင်များအားလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးကို အကျိုး ဖြစ်ထွန်းစေနိုင်ကြောင်းအလေးပေးတင်ပြခဲ့ကြပါသည်။ ဒိုဟာဆွေးနွေးပွဲ (Doha Round) သည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (Development Round) ဖြစ်သည့်အတွက် ထိုဆွေးနွေးပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဖွံ့ဖြိုးပြီးနိုင်ငံများကို အကျိုးစီးပွားဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေး နှင့်ဝန်ဆောင်မှုများ ပါဝင်သော နယ်ပယ်အားလုံးတွင် ချိန်သားကိုက်ပြီး နှစ်ဘက်စလုံးအတွက် အကျိုး ဖြစ်စေသော ရလဒ်များကို ဆောင်ကြဉ်ပေးနိုင်ရေးအတွက် ထိုဆွေးနွေးပွဲ တွင် တက်တက်ကြွကြွနှင့်အပြုသဘောဖြင့် ပါဝင် ဆောင်ရွက်ရန် ၀န်ကြီးများကထပ်မံအတည်ပြုခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံပါဝင်နိုင်ရေးအတွက် ဆက်လက် ထောက်ခံကြရန် ၀န်ကြီးများက ကတိ ပြုခဲ့ကြပါသည်။
တင်ပြသူ။ ဒေါက်တာထိန်လင်း
ဇစ်မြစ်။ ASEAN Website
|