အင်ဒိုနီးရှားနိုင်ငံသည် ရေနံတိုးမြှင့်ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း။
ယခုနှစ်ကုန်ပိုင်းမှစပြီး အင်ဒိုနီးရှားမှ ကုမ္ပဏီအချို့ဟာ ရေနံစတင်ထုတ်လုပ်လာတဲ့အတွက် လာမဲ့ ၃ နှစ်အတွင်းမှာ တစ်နေ့ကို ရေနံစည်ပေါင်း ၁ သန်းထက်ပိုပြီး ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ဥက္ကဌ ဖြစ်သူ Raden Priyono က ပြောကြားသွားပါတယ်။ အခုနှစ်ကုန်ပိုင်းမှာ ကုမ္ပဏီ ၁၁ ခု က ရေနံ ၁၃ တွင်းအား စတင်ထုတ်လုပ်ရာ ပထမဦးစွာထွက်ရှိတဲ့ရေနံဟာ တစ်နေ့ကို စည်ပေါင်း ၈ယ၅၀၀ ရှိတဲ့အတွက် လာမဲ့ ၂၀၁၁ ခုနှစ်မှာ တစ်နေ့ကို ရေနံစည်ပေါင်း ၂၃၆ယ၀၀၀ ကျော်ထိ အများဆုံးထွက်ရှိမယ်လို့ သမ္မတ Susilo Bambang နဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဥက္ကဌ Priyono ကပြောကြားပါတယ်။
လက်ရှိအချိန် တိုင်းပြည်ရဲ့ ရေနံထုတ်လုပ်မှုဟာ တစ်နေ့လျှင် ၉၂၇ယ၀၀၀ စည်ရှိတဲ့အတွက် ရေနံအထွက်နှုန်းတိုးလာခြင်းမှာ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း၊ ဒါ့အပြင် ကုမ္ပဏီ ၁၆ ခု မှ ရေနံတွင်းသစ် ၁၂ တွင်းအား ရှာဖွေတွေ့ရှိထားကြောင်း ဥက္ကဌမှ ပြောကြားပါတယ်။ ၎င်းသတင်းစာရှင်းလင်းပွဲတွင် လွန်ခဲ့သော ၄ နှစ်က ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်သွားခြင်းဟာ အင်ဒိုနီးရှားရှိ ရေနံစူးစမ်းရှာဖွေတူးဖော်ခြင်းအား တွန်းအား ပေးရာရောက်ကြောင်း၊ ကုမ္ပဏီ ၁၀၄ ခုမှ ရေနံစူးစမ်းရှာဖွေတူးဖော်ခြင်းအား လုပ်ကိုင်ဆောင်ရွက်နေကြပြီး၊ အခြား ၂၅ ခု မှလည်း အလားတူလုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကာလတိုနဲ့ ကာလရှည်စီမံချက်ထား၍ ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ သမ္မတ Susilo က မျှော်လင့်ထားကြောင်း စွမ်းအင်ဝန်ကြီး Purnomo မှ ပြောကြား ပါတယ်။
Source:english.people.com.cn
ကေသီအောင်
|