MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (05 - 09 - 08)

ထိုင်းဆန်တင်ပို့မှုသည် ယခုနှစ်သြဂုတ်လတွင် အနိမ့်ဆုံးသို့ရောက်ရှိသွားခြင်း။

ထိုင်းနိုင်ငံရဲ့ယခုနှစ် သြဂုတ်လအတွင်း ဆန်တင်ပို့မှုဟာတန်ချိန် ၇ သိန်းသို့ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း ဥက္ကဌ Chookiat Ophaswongse မှ ပြောကြားလိုက်ပါတယ်။ ဆန်ဝယ်လိုအားနိမ့်ကျ သွားတဲ့အတွက် ဈေးနှုန်းတွေကိုတဖြည်းဖြည်းကျဆင်းသွားစေမှာဖြစ်လို့ ရှေ့လမှာ ဆန်တင်ပို့မှု တန်ချိန် ၅ သိန်းမှ ၆ သိန်း သို့ကျဆင်းသွားနိုင်တယ်လို့ ဖြည့်စွက်ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ယခုနှစ်မှာ တစ်လလျှင် ဆန်တန်ချိန် ၇၅၀၀၀၀ မှ တန်ချိန် ၁၀ သိန်းတင်ပို့နိုင်ခဲ့ပါတယ်။ ထိုင်းဆန် ၁၀၀ ရာခိုင်နှုန်း grade B ဟာ ဇွန်လမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၁၀၀၀ မှ အခုအခါ ကန်ဒေါ်လာ ၆၈၀ သို့ဈေးကျသွားခဲ့ပါတယ်။

Source:oryza.com (1.9.08)
အေးမွန်မွန်လှိုင်