MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (03 - 09 - 08)

ပထမအကြိမ်နိုင်ငံတကာလျှပ်စစ်ပစ္စည်းကိရိယာပြပွဲ ဗီယက်နမ်တွင်ကျင်းပမည်။

''ပထမအကြိမ်နိုင်ငံတကာလျှပ်စစ်ပစ္စည်းကိရိယာပြပွဲ'' ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဒီဇင်ဘာလ ၁၁-၁၃ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော်တို့က ၎င်းင်းတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုခင်းကျင်းပြသကြမှာဖြစ်ပါတယ်။ အပူစွမ်းအင်နဲ့ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ် မှုအတွက် နဲ့ လျှပ် စစ်စွမ်းအားထုတ်လုပ်ခြင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းပညာ ဆိုင်ရာပစ္စည်းကိရိယာများကိုပြသကြမှာဖြစ်ပါတယ်။
မကြာသေးခင်ကပြုလုပ်လိုက်တဲ့ ဒီပြပွဲဖြစ်မြောက်ရေးအစည်းအဝေးမှာ ဒီပြပွဲဟာ ပြည်တွင်းနဲ့ပြည်ပလုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုတိုးတက်စေမှာဖြစ်သလို နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုး တက်မှုအတွက် မဟာဗျူဟာကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့အခွင့် အလမ်းကိုရရှိစေ မှာဖြစ်တယ်လို့ ဗီယက်နမ်စွမ်းအင်လုပ်ငန်းများအသင်း ဥက္ကဌ Hoang Thai An ကပြေကြားပါတယ်။
ဒီပြပွဲကနေလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်လိုသူများကို ရှာဖွေခွင့်ရရှိနိုင်သလိုပူးပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်ချုပ်ဆို မှုများလည်း ဆောင်ရွက်နိုင်ကြလိမ့်မယ် လို့မျှော်လင့်ကြောင်းနဲ့ လျှပ်စစ်ကဏ္ဍအတွက် ဒီလိုပြပွဲကိုနှစ်စဉ်ကျင်းပပြုလုပ်မှာဖြစ်ကြောင်းလည်း သူကပြောကြားပါတယ်။
ပြပွဲလုပ်နေစဉ်အတွင်းမှာလည်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ၊ လျှပ်စစ်ဆိုင်ရာနည်း ပညာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အလားအလာများနဲ့ လျှပ်စစ်ပစ္စည်း ကိရိယာများဈေးကွက်စသည်တို့အတွက် စီမီနာများ၊ ဖိုရမ်များကိုပါ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်လျှပ်စစ်ဓါတ်အားအဖွဲ့ (Electricity of Vietnam-EVN) နဲ့ အဖွဲ့ဝင်တွေဟာ အစွမ်းကုန်ကြိုးပမ်းခဲ့ကြပေမဲ့လည်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ နေ့စဉ်နိုင်ငံ ရဲ့လျှပ်စစ်သုံးစွဲမှုအတွက် ပြည်တွင်းလိုအပ်ချက်ကိုပြည့်မီအောင် လျှပ်စစ်ပေးဝေမှု မဖြည့်တင်းနိုင်ခဲ့ပါဘူး။ မကြာမီကမှ အမျိုးသားအထွေထွေအတိုင်ပင်ခံကုမ္ပဏီ KPMG ရဲ့ ဆောင်ရွက်မှုကြောင့် ဗီယက်နမ်ရဲ့လျှပ်စစ်ကဏ္ဍဟာ ရင်းနှီးမြှုပ်နှံ သူတွေအတွက် ဆွဲဆောင်မှုအရှိဆုံးလုပ်ငန်းကဏ္ဍတစ်ခုဖြစ်လာတဲ့အတွက် ဗီယက်နမ်ရဲ့စီးပွားရေးကို အလျင် အမြန်ကြီး ဖွံ့ဖြိုးတိုးတက်စေခဲ့သလို စွမ်းအင်ဝယ်လိုအားကိုလည်း တိုးတက်စေခဲ့တယ်လို့ သိရပါတယ်။


Source: Reuter.India Barnama
စန္ဒာပျို