MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (03 - 09 - 08)

ဘာစမာတီ ဆန်တင်ပို့မှုကို အိန္ဒိယက ပြန်လည်စတင်။

အိန္ဒိယလယ်ယာစိုက်ပျိုးရေးနဲ့ စားသောက်ကုန်ပစ္စည်းတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ဟာ ဆန်တင်ပို့ခွင့်ပြုရေး အသိအမှတ်ပြုလက်မှတ် (RCAC) ကို ကုန်သည်များအား ၃၀.၈.၀၈ နေ့က ထုတ်ပေးခဲ့တာကြောင့် ဘာစမာတီဆန်တင်ပို့မှု ပြန်လည်စတင်လိမ့်မှာဖြစ်ပြီး တင်ပို့မှုမှ ကန်ဒေါ်လာ ၅၂၅ သန်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဆန်တင်ပို့မှု ခွင့်ပြုရေးအသိအမှတ်ပြုလက်မှတ် (RCAC) ဟာ ကုန်သည်များဘာစမာတီဆန်တင်ပို့မှု ရရှိစေတဲ့ တရားဝင်သဘောတူညီတဲ့ အခွင့်အာဏာတစ်ခုဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ဇူလိုင်လ စာချုပ်ချုပ်ဆိုခဲ့မှုမှာ (APEDA) ဟာ ဆန်တင်ပို့ခွင့်ပြုရေးအသိအမှတ်လက်မှတ် (RCAC) စောင်ရေ ၄၁၂ ထုတ်ပေးခဲ့ပြီး ဘာစမာတီဆန် တန်ချိန် ၈၄၉၂၆ တင်ပို့ခဲ့ပါတယ်။
အရည်အသွေးအဆင့်မြင့်မားမှုနဲ့ ဖွံ့ဖြိုးမှုများကို သိရှိပြီး ဖြန့်ဖြူးမှုယန္တရားကောင်းမွန်တာကြောင့် အိန္ဒိယဘာစမာတီဆန်ရဲ့ ၀ယ်လိုအားဟာ အစဉ်တိုးတက်နေပြီး ကမ္ဘာ့ဈေးကွက် မှာ ထိပ်တန်းကို ရောက်ရှိနေတယ်လို့ (APEDA) အဖွဲ့က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယဘာစမာတီဆန်ကို အဓိကတင်သွင်းတဲ့နိုင်ငံတွေကတော့ ဆော်ဒီအာရေဗီးယား၊ ကူဝိတ်၊ ယူအေအီး၊ ဗြိတိန်၊ အမေရိကန်၊ ယီမင်၊ ကနေဒါ၊ အီရန်၊ ဂျာမဏီ၊ အိုမန်၊ တောင်အာဖရိက၊ ပြင်သစ်၊ ဆီရီးယား၊ ဘယ်လဂျီယံ နဲ့ သြစတြေးလျတို့ဖြစ်ပါတယ်။
၂၀၀၆-၂၀၀၇ ခုနှစ်က အိန္ဒိယဘာစမာတီဆန်ကို ဆော်ဒီအာရေဗီးယားက တန်ချိန် ၄၉၉၅၈၄ ၊ ကူဝိတ်နိုင်ငံက တန်ချိန် ၁၀၉၀၆၇ နဲ့ ယူအေအီးနိုင်ငံက တန်ချိန် ၁၀၄၉၉၈ အသီးသီးတင်သွင်းခဲ့တယ်လို့ (APEDA) ရဲ့ အချက်အလက်များမှ ဖော်ပြခဲ့ပါတယ်။
အရေအတွက်အားဖြင့်နည်းပေမယ့်လည်း ယူဂန်ဒါ၊ အင်ဂိုလာ၊ ကွန်ဂို၊ ဘော့ဆွာနာ၊ ဖီဂျီ၊ ဂါနာ၊ ကမ်မရွန်၊ ဇင်ဘာဘွေ၊ ရိုမေးနီးယား၊ ချီလီနဲ့ ဆာရီနိမ်း စတဲ့နိုင်ငံများဟာ အိန္ဒိယဘာစမာတီဆန်ကို ၀ယ်ယူလျက် ရှိပါတယ်။
ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်မှာ အိန္ဒိယဘာစမာတီဆန်ဟာ ဝေစု ၅၃ ရာခိုင်နှုန်းနီးပါးပိုင်ဆိုင်ပါတယ်။ ပြည်ပကုန်သွယ်ရေးကိုယ်စားလှယ်များ တိုးတက်အောင်ဆောင် ရွက်ခြင်းနဲ့ ရောင်းသူနဲ့ ၀ယ်သူတွေ့ဆုံဆွေးနွေး ခြင်းစတဲ့ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ခိုင်မာတဲ့စားသုံးသူများကို ကျယ်ပြန့်လာအောင် ဆောင်ရွက်နေပါတယ်။
လောလောဆယ်အိန္ဒိယဘာစမာတီဆန်ကို နိုင်ငံပေါင်း ၁၃၀ သို့တင်ပို့ခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့ဈေးကွက်ဖြစ်လာတဲ့ တရုတ်နဲ့မက္ကဆီကိုနိုင်ငံများကို ထိုးနှက်ဖို့ အစိုးရက မျှော်လင့်နေပါတယ်။
အစိုးရက ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ဘာစမာတီနဲ့ ဘာစမာတီမဟုတ်တဲ့ဆန်တန်ချိန် ၁၂၉ သန်း ထုတ်လုပ် ဖို့ ရည်မှန်းထားပါတယ်။တိုးတက်မှုရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။

Source: Commodity Online
သိန်းဇော်လင်း