ကော်ဖီပြန်လည်တင်ပို့မှု အိန္ဒိယတွင်တိုးတက်။
အိန္ဒိယနိုင်ငံရဲ့ ယခုနှစ်ပထမ (၈) လအတွင်း ကော်ဖီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၆၆ သိန်း ဖြစ်တဲ့အတွက် ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ဒီတိုးတက်မှုဟာ ကော်ဖီကို တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းအဖြစ် ပြန်လည် တင်ပို့မှုမှာတိုးတက်လာတာဖြစ်တယ်လို့ ကော်ဖီအသင်းကြီးကပြောပါတယ်။
ယခင်နှစ်အလားတူကာလက တန်ချိန် ၁ ဒသမ ၅၇ သိန်းသာတင်ပို့ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ (၁) ရက်ကနေ သြဂုတ်လ (၂၉) ရက်ထိ ပို့ကုန်ပြန်လည်တင်ပို့မှုအပါအ၀င် စုစုပေါင်းကော်ဖီတန်ချိန် ၁ ဒသမ ၆၆ သိန်းထိတင်ပို့ခဲ့လို့အနည်းငယ် တိုးတက်ခဲ့ခြင်းဖြစ်ပါတယ်။ တင်သွင်းလာတဲ့ကော်ဖီကိုနိုင်ငံတွင်းမှာ အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်လည်တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလက ၈၇၂၂ တန် တင်ပို့ခဲ့ပြီးဒီနှစ်မှာ နှစ်ဆတိုးတက်ပြီး ၁၆၂၃၈ တန်ထိ တင်ပို့ခဲ့လို့ပို့ကုန်တန် ချိန်တိုးတက် ခဲ့ခြင်းဖြစ်ပါတယ်။
ပြန်လည်တင်ပို့မှုဆိုတာက ကော်ဖီစေ့များကို ပြည်ပကနေတင်သွင်းခဲ့ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းအဖြစ် နိုင်ငံတွင်းမှာ အဆင့်မြင့်ထုတ်လုပ်ကာ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်သည်များကလည်း ကမ္ဘာ့ဈေးကွက်တစ်ခုလုံးသို့ ကော်ဖီကိုတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ပြီးမြင့်မားသောဈေးနှုန်းဖြင့် တင်ပို့ရောင်းချရရေးကို ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်းကို ကော်ဖီအသင်းကြီးရဲ့ အကြီးတန်း အရာရှိကြီးတစ်ဦးက ပြောပါတယ်။ ကော်ဖီတင်ပို့မှုမှာတော့ ယခင်နှစ် အလားတူကာလနဲ့စာရင် တန်ချိန် ၁ ဒသမ ၄၈ သိန်းကနေ တန်ချိန် ၁ ဒသမ ၅၀ သိန်း အထိ အနည်းငယ်သာတိုးတက်ခဲ့တယ်လို့ ကော်ဖီအသင်းကြီးကပြောပါတယ်။
Source: The Economic Time.(1-9-08)
စန္ဒာပျို
|