၂၀၀၈ ခုနှစ်တွင် နှစ်ဘက်အပြန်အလှန်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရရှိနိုင်မယ့် ဗီယက်နမ်နဲ့ ကမ္ဘောဒီး ယား။
ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကုန်သွယ်မှုဟာ ၂၀၀၇ ခုနှစ် ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ထက်မြင့်တက်ကာ ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်ရရှိဖို့ မျှော်မှန်းနေတယ်လို့ ဗီယက်နမ်သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ပထမ ၆ လတာအတွင်း ၂ နိုင်ငံကုန်သွယ်မှုမှ ကန်ဒေါ်လာသန်း ၉၀၀ နီးပါးရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံသို့ လူသုံးကုန်ပစ္စည်း တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တင်ပို့ကာ တင်သွင်းမှုတွင်လည်း ကန်ဒေါ်လာ ၁၄၀ ကျော်ဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အဓိကအားဖြင့် ချည်မျှင်နှင့် အထည်များ၊ ကွန်ပျူတာများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စားသောက်ကုန်ပစ္စည်း များနဲ့ ပတ်ဝန်ကျင်နိုင်ငံများမှ ပလပ်စတစ်အသုံးအဆောင်များ စသည်တို့ကို တင်ပို့နေပါတယ်။
ဇန်န၀ါရီကျင်းပခဲ့တဲ့ ကုန်သွယ်မှုညီလာခံတွင် နှစ်ဘက်အပြန်အလှန်ကုန်သွယ်မှုမှ တိုးမြှင့်ဖို့အတွက် ၂၀၁၀ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့ ၂၀၁၅ ခုနှစ်တွင် ကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံရရှိရန် ၂ ဘက်စလုံးမှ ရည်ရွယ်ချက်ထားခဲ့ပါတယ်။
Source: VNA
သိန်းဇော်လင်း
|