MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (02 - 09 - 08)

အရှေ့-အနောက်စီးပွားရေးစင်္ကြံဝင်ပေါက် Da Nang ဆိပ်ကမ်း ဆောက်လုပ်ရေးအတွက် ငွေကြေး အမြောက်အများ ရင်းနှီး မြှုပ်နှံ်။

ဗီယက်နမ်နိုင်ငံရဲ့ အချက်အချာကျတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ Da Nang ရှိတဲ့ Tien Sa ဆိပ်ကမ်းကို ခေတ်မီကွန်တိန်နာဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။
၂၀၀၈-၂၀၁၁ ကာလအတွင်း Tien Sa ဆိပ်ကမ်းမှာ ဆိပ်ကမ်းဂိုဒေါင်များတည်ဆောက်ပြီး ဆိပ်ခံတံတား ၂ ခု တပ်ဆင်ဖို့အတွက် ဗီယက်နမ်ဒေါင် ၂၉ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်း) ကျခံသုံးစွဲမှာဖြစ်သလို Son Tra ဆိပ်ကမ်းတည်ဆောက်ဖို့ စီမံကိန်းအတွက် ဗီယက်နမ်ဒေါင် ၅၈၆ ဘီလီယံ သုံးစွဲမယ်လို့ Da Nang ဆိပ်ကမ်းရဲ့ အထွေထွေ ညွှန်ကြားရေးမှူး Nguyen Thu ကပြောကြားခဲ့ပါတယ်။
လာအိုနိုင်ငံအလယ်ပိုင်း၊ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနဲ့ ဗီယက်နမ်အလယ်ပိုင်းကို ဆက်သွယ်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံဝင်ပေါက်အဖြစ် Da Nang ဆိပ်ကမ်းကို ထားရှိနိုင်ဖို့အတွက် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်လာစေမယ့် အခွင့်အလမ်းများကို မြို့တော်အာဏာပိုင်အဖွဲ့က ဖန်တီး ဖေါ်ဆောင်ပေးဖို့ Da Nang ဆိပ်ကမ်းအဖွဲ့ကအဆိုပြုထားပါတယ်။
ဒါ့ပြင်အလယ်ပိုင်းဒေသမှာ ခရီးသွားလာရေးဝန်ဆောင်မှုနဲ့ ရေကြောင်းသွားလာမှုဖွံ့ဖြိုးတိုးတက်ရေး စင်တာ တစ်ခုအဖြစ် Da Nang ဆိပ်ကမ်းနယ်မြေကို ထူထောင်ခွင့်ပေးဖို့နဲ့ Song Han ဆိပ်ကမ်းသို့ ကုန်တင်ကား များဝင်ရောက် ခွင့်ပြုပေးဖို့လည်း ဆိပ်ကမ်းအဖွဲ့က တင်ပြထားပါတယ်။
၂၀၀၈ ခုနှစ် ပထမ ၈ လတာကာလမှာ Da Nang ဆိပ်ကမ်းသို့ သင်္ဘော ၃၄ စင်းဖြင့် ကမ္ဘာလှည့် ခရီးသည် ၂၀၇၃၀ ကျော် ၀င်ရောက်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကမ္ဘာလှည့်ခရီးသည် ရောက်တဲ့တိုးတက်မှုနှုန်းဟာ၁ ၃ ဒသမ ၈၃ ရာခိုင်နှုန်းရှိပြီး ၀င်ငွေဗီယက်နမ်ဒေါင် ၁၁၈ ဒသမ ၅ ဘီလီယံ ရရှိခဲ့ပါတယ်။ ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချဆောင်ရွက်မှုပမာဏ တန်ချိန် ၃သန်းကျော်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Source: VNA news
သိန်းဇော်လင်း