MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (01 - 09 - 08)

အာဆီယံ-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုနိုင်ရေး စေ့စပ်ညှိနှိုင်းရာတွင် စိန်ခေါ်မှုများစွာရှိနေဟု အာဆီယံ ခေါင်းဆောင် ပြောကြား။

အာဆီယံကို စိန်ခေါ်နေတာတွေထဲက တစ်ခုဖြစ်တဲ့ အာဆီယံနဲ့ အီးယူအကြား အဆိုပြုထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းနေကြတယ်လို့ အာဆီယံအတွင်းရေးမှူး ချုပ် Surin Pitsuwan က သြဂုတ်လ ၂၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အာဆီယံနဲ့ အီးယူတို့ဟာ ဆွေးနွေးညှိနှိုင်းဖို့ အစီအစဉ်ကို သဘောတူခဲ့ကြပေမယ့် ဆွေးနွေးပွဲများရဲ့ အရှုတ်အထွေးတွေကြောင့် ရှေ့ဆက်တိုးဖို့မှာ အခက်အခဲများရှိနေတယ်လို့ ၎င်းင်းကပြောကြားခဲ့ပါတယ်။ နှစ်ဘက်လုံးက ကဏ္ဍအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြစ်နိုင်ချေတွေကို ရှာဖွေနေပေမယ့် နှစ်ဘက်လုံးမှာ ကွဲပြားမှုအမျိုးမျိုးရှိကြတဲ့အတွက် ရှေ့တိုးနိုင်ဖို့အတွက် တူညီတဲ့အခြေခံအချို့ ရရှိရေးကိုအလွန့်အလွန်ကြိုးစား လုပ်ကိုင်နေ ကြတယ်လို့ ၎င်းင်းက ပြောကြားခဲ့ပါတယ်။
၂၀၀၇ ခုနှစ်၊ မေလကတည်းက စတင်ဆွေးနွေးခဲ့တဲ့ အာဆီယံနဲ့ အီးယူလွတ်လပ်စွာ ကုန်သွယ်ရေးဆွေး နွေးပွဲတွေကနေ တိုးတက်မှုအနည်းငယ်တော့ရှိပါတယ်လို့လည်း ၎င်းင်းကပြောကြားခဲ့ပါတယ်။
အာဆီယံအနေနဲ့ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်တို့နဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်တွေကို အပြီးသတ်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ဈေးကွက်ဖွင့်လှစ်ရေး စာချုပ်များ ကိုလည်း လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။နောက်ထပ် အာဆီယံရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်ပြည် ထောင်စုနဲ့ လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အကြိုညှိနှိုင်းနေကြပါတယ်လိှု့Surin က ပြောကြားခဲ့ပါတယ်။
Source: AFP
KMMH