MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (01 - 09 - 08)

၂၀၀၈ တွင် အိန္ဒိယဆန်ထွက်ရှိမှု ၅ ရာခိုင်နှုန်းပိုမိုနိုင်။

တရုတ်နဲ့ အိန္ဒိယဟာ ဆန်စိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယမှာ ယခုနှစ် မုတ်သုန်ရာသီ မိုးကောင်းတဲ့အတွက် ဆန်ထွက်ရှိမှု ၅ ရာခိုင်နှုန်း ပိုမိုနိုင်မှာဖြစ်လို့ တန်ချိန်သန်းပေါင်း ၈၄ သန်းထက် ပိုမိုထွက်ရှိ နိုင်ကြောင်း အိန္ဒိယဗဟိုစားနပ်ရိက္ခာ အတွင်းရေးမှူ: T.Nanda Kumarက ပြောကြားခဲ့ပါတယ်။ ဆန်အထွက်ပိုမို နိုင်တဲ့အတွက် ဆန်ပြည်ပတင်ပို့မှု ပိတ်ပင်ထားမှု ဖြေလျော့နိုင်မည့်အပြင် ကျဆင်းနေတဲ့ ကမ္ဘာ့ဆန်ဈေးနှုန်းကို ဆက်လက်ကျဆင်းစေနိုင်အောင် အားပေးလျက်ရှိတယ်လို့ T.Nanda Kumarကပြောကြားခဲ့ပါတယ်။

Source: Bloomberg.com
ပပ