MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (14 - 05 - 2010)

ရော်ဘာတက်ဈေးက Continential ကုမ္ပဏီအား တပ်လှန့်သတိပေး။

ရော်ဘာဈေးနှုန်းများ မြင့်တက်ခြင်းက ရောင်းအားရဲ့ သုံးပုံနှစ်ပုံကို ၀ယ်ယူနေတဲ့ Continential မော်တော်ကားကုမ္ပဏီအား စိုးရိမ်မှုများဖြစ်ပေါ်စေပါတယ်။ ရော်ဘာဈေး မြင့်တက်မယ်လို့ ကြော်ငြာထားပေမဲ့ Continential ကုမ္ပဏီတွေက ပထမ ၃ လမှာတော့ ငွေရေးကြေးရေး အရှုံးမပေါ်သေးကြောင်း ဂျာမနီကုမ္ပဏီမှ ဘဏ္ဍာရေးညွှန်မှူးမှ ပြောကြားခဲ့ပါတယ်။ ဒီနှစ်စွန့်စားစရာတွေအတွက် မေးခွန်း နှစ်ခုရှိပြီး ပထမ တစ်ခုက ကုန်ပစ္စည်းဈေးနှုန်း၊ အထူးသဖြင့် ရော်ဘာဈေးနှုန်းဖြစ်ပြီး နောက်မေးခွန်းတစ်ခုမှာ မော်တော်ကားထုတ်လုပ်ရေး လမ်းကြောင်းဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်း ဈေးကျရင် မြတ်ပေမဲ့ လက်ရှိမှာတော့ ကံမကောင်းအကြောင်းမလှစွာ ကုန်ကြမ်းပစ္စည်း ဈေးတက်နေလို့ အရှုံးပေါ်နေပါ တယ်လို့ ညွှန်ကြားရေးမှူးမှ ဆက်လက်ပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းဟာ ယခုနှစ်စပိုင်းမှာ ၁၄ ရာခိုင်နှုန်း ၀န်းကျင် တက်သွားခဲ့ပါတယ်။ ဒီလိုဈေးတက်တာကို ကြိုးစားကျော်ဖြတ်သွားမှာဖြစ်ပေမဲ့ ဒါမျိုးဟာ ၆ လကျော် လောက် ကြာတတ်ပါတယ်လို့ ညွှန်မှူးမှ ပြောပါတယ်။ Continential ကုမ္ပဏီများရဲ့ ၃ ပုံ ၂ ပုံ ကျော် ရောင်းအားသည် တာယာများဖြစ်ပြီး ဒီလိုရော်ဘာဈေးတက်တာကို အရင်ကတခါမှ မကြုံဘူးဘူးလို့ ၎င်းင်းကုမ္ပဏီအုပ်စုမှ ပြောကြားပါတယ်။ ဒါပေမဲ့ ယခုအပတ်စောစောပိုင်း၌ ဂျာမနီအုပ်စုမှ အခိုင်အမာပြောဆိုချက်အရ ယခုနှစ်ပထမသုံးလအတွင်း အမြတ် ယူရို (၁၉၅) သန်းဝန်းကျင် ရှိသော်လည်း ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ပါက အရှုံး ယူရို (၂၂၈) သန်းရှိကြောင်း သိရပါတယ်။