MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (14 - 05 - 2010)

IMF နှင့် ဥရောပခေါင်းဆောင်များက ချေးငွေထုတ်ပေးရန် သဘောတူအပြီး ယူရိုငွေတန်ဖိုး ထူးထူးခြားခြားမြင့်မား။

ဥရောပမူဝါဒချမှတ်သူများက အမေရိကန်ဒေါ်လာ တစ်ထရီလီယံနီးပါးတန်ဖိုးရှိ ချေးငွေအစီအစဉ်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။ ဒါကြောင့် ဂရိေ<ကးမြီပြဿနာနဲ့ ယူရိုငွေ အပေါ် ယုံကြည်မှုနည်းပါးသွားခြင်းအပေါ် ယုံကြည်မှုပြန်လည်ရယူနိုင်ခဲ့ပြီး ယူရိုငွေတန်ဖိုးက တစ်နှစ်ကျော်ကာလအတွင်း နှစ်ရက်ဆက်တိုက် တန်ဖိုးမြင့်မား လာခဲ့ပါ တယ်။
ဒါကြောင့်ယခင်အပတ်က တစ်ယူရိုကို ၁ ဒသမ ၂၇၅၅ ဒေါ်လာသာရှိနေခဲ့ရာမှ မေလ ၁၀ ရက်နေ့ လန်ဒန်စံတော်ချိန် နံနက် ၇း၁၅ နာရီတွင် တစ်ယူရိုကို ၁ ဒသမ ၂၉၇၆ ဒေါ်လာအထိ ယူရိုငွေတန်ဖိုးပြန်လည် မြင့်မားခဲ့ပါတယ်။
ချေးငွေအစီအစဉ်အရ ဥရောပဒေသတွင်းအစိုးရများက ယူရိုငွေ ၄၄၀ ဘီလီယံ (ကန်ဒေါ်လာ ၅၇၀ ဘီလီယံ) ပေးမှာဖြစ်ပြီး ဥရောပသမဂ္ဂဘတ်ဂျက်မှ ယူရိုငွေ ၆၀ ဘီလီယံပါဝင်မယ့်အပြင် IMF မှ ယူရိုငွေ ၂၅၀ ဘီလီယံထည့်ဝင်မှာဖြစ်ကြောင်း စပိန်စီးပွားရေးဝန်ကြီး Elena Salgado ကဆိုပါတယ်။

Sources:Blooberg.com(10-5-2010)
ပပ