Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (05 - 03 - 2010) |
ရေနံသန့်စင်မှုစွမ်းအားမြင့်ရန်လိုနေ။
ကမ္ဘာ့ရေနံစိမ်းဒုတိယအများဆုံးဝယ်ယူသုံးစွဲတဲ့ တရုတ်နိုင်ငံက ရေနံစိမ်းသန့်စင်နိုင်မှုစွမ်းအားကို တိုးမြှင့် ရန်လိုအပ်နေတာမို့ လာမဲ့ ၂၀၁၄ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းအထိ ထပ်မံတိုးချဲ့သွားမှာလို့ ပြောပါတယ်။ ဒီလိုတိုး မြင့်သန့်စင်နိုင်ဘို့ရာ တိုးမြှင့်ဝယ်ယူတင်သွင်းလာမှာဖြစ်ပြီး ရေနံစိမ်းကနေ သန့်စင်ထုတ်လုပ်လိုက်တဲ့ ရေနံထွက် ပစ္စည်းကုန်ချောထွက်ရှိမှုက တစ်နေ့စည်ပေါင်း ၇ သန်းမှ ၇ ဒသမ ၅ သန်းအထိ ပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။ သုံးသပ်သူ ဏသအနည ကသန့်စင်မှုအပိုင်းမှာ တရုတ်နိုင်ငံ ပြည်တွင်းလိုအပ်ချက်နဲ့အညီ လျင်လျင်မြန်မြန်အားထည့်လုပ် ဆောင်နေတယ်လို့ ပြောပါတယ်။ အမေရိကန်ရဲ့ တစ်နေ့သန့်စင်နိုင်မှုစွမ်းရည်က စည်ပေါင်း ၇ ဒသမ ၈ သန်းခန့် အထိလုပ်ဆောင်နိုင်ပြီး ရေနံသန့်စင်မှုလုပ်ငန်းမှာ ထိပ်တန်း (၁၀)နိုင်ငံစာရင်းဝင်တဲ့ ရုရှား၊ ဂျပန်၊ အိန္ဒိယ အပါအ၀င် နိုင်ငံများက လုပ်ကိုင်တဲ့ သူတို့ရဲ့ သန့်စင်မှုက ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ထက်ဝက်ခန့်ကို သန့်စင်ပေးနေပါတယ်။ အိန္ဒိယနိုင်ငံဘက် က သန့်စင်မှုက ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဒီလိုတိုးမြှင့်သန့်စင်ရမဲ့ စီမံကိန်းက အလွန်ကြီး မားပြီး ရှုပ်ထွေးပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှုက အချိန်တိုင်းမြင့်မားနေတာမို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက ပြောပါတယ်။ ဒီနှစ် ဇန်န၀ါရီလမှာ ရေနံစိမ်းတင်သွင်းမှု က ယခင်နှစ် ဇန်န၀ါရီလထက် ၃၃ ရာခိုင်နှုန်းတိုးလာပါတယ်။ ရေနံစိမ်းတင်သွင်းရာမှာ ၂၀၀၉ ခုနှစ်က ၂၀၀၈ ခုနှစ်တင်သွင်းမှုထက် ထက်ကျော်ကျော်ပိုမိုတင်သွင်းခဲ့ပါတယ်။ ၀ယ်လိုအားက ၂၀၁၀ မှာ ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးပြီး တစ်နေ့စည်ပေါင်း ၈ ဒသမ ၉ သန်းအထိဝယ်လိုအားရှိခဲ့ပါတယ်။
Sources:bloomberg.com
WWN
|
|