Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (30- 06 - 2010) |
မလေးရှားငွေကြေးနဲ့ ဘဏ်စနစ်ကို အချိန်မှန်ကြီးကြပ်သင့်ဟု မဟာသီယာပြောကြား။
မလေးရှားနိုင်ငံနဲ့ စီးပွားရေးအခြေခံခိုင်မာအောင် ဆောင်ရွက်ဖို့နဲ့ စီးပွားရေးဆိုင်ရာရာဇ၀တ်မှုတွေကို ထိန်းချုပ်ဖို့အတွက် ငွေကြေးနဲ့ ဘဏ်စနစ်ကို အစိုးရက အချိန်မှန်ကြီးကြပ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် ဟောင်းတွန်ဒေါက်တာမဟာသီယာမိုဟာမက်က ပြောကြားပါတယ်။ ဘဏ္ဍာရေးဈေးကွက်က ငွေရှာဖို့အတွက် သာဖြစ်ပေမဲ့ ငွေပွပေါက်တိုးငွေမြန်ဖို့အတွက် ဘဏ်စနစ်ကို ဈေးကစားချယ်လှယ်ပြီး အမြတ်ထုတ်တဲ့လူတွေရှိ နေတယ်လို့ သူကပြောပါတယ်။
ဒီလိုဆောင်ရွက်မှုတွေနဲ့ လူတွေက ပြစ်မှုတွေကျူးလွန်ပြီး ဒီလိုကျူးလွန်မှုကြောင့် နိုင်ငံဖွံ့ဖြိုးမှုကို ထိခိုက် စေနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၃)က ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုမှာ မဟာသီယာကပြောကြားပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးနိုင်ပြီး ငွေကြေးကို ဖန်တီးနိုင်တဲ့ လက်တွေ့စီးပွားရေးလုပ်ငန်း (Real Physical Business) ကို လူတွေက မိမိတို့ကိုယ်တိုင် ဖန်တီးသင့် တယ်လို့ ဒေါက်တာမဟာသီယာကပြောကြား ပါတယ်။ အစိုးရက ကြီးကြပ်ဆောင်ရွက်မှုမရှိရင် လူတွေကို ၀ိသမလောဘတက်စေပြီး စနစ်ကိုအလွဲသုံးစားပြု လုပ်လာအောင် ပို့ဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။
Sources: bernama.com (23-6-2010)
ဥာဏ်တင်
|
|