MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (30- 06 - 08)

အပြည်ပြည်ဆိုင်ရာ ငရုတ်ကောင်းညီလာခံကို ဗီယက်နမ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည်။

အပြည်ပြည်ဆိုင်ရာငရုတ်ကောင်းညီလာခံ ( IPC) ကို ဗီယက်နမ်နိုင်ငံ မြို့တော်ဟိုချီမင်း Rex Hotel တွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်က ၂၇ နေ့အထိ ပထမဦးဆုံး အကြိမ်ကြီးမှူးကျင်းပမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ ဗီယက်နမ်ဟာ IPC ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးရဲ့ ကျေးလက်ဖွံ့ဖြိုး ရေးဌာန၊ ဗီယက်နမ် ငရုတ်ကောင်းထုတ်လုပ်သူများ (VPA) ၊ ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်စည် ပြပွဲဗဟိုဌာနတို့က IPC နဲ့ ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။
ညီလာခံမှာ ပြည်တွင်းနဲ့ နိုင်ငံခြားက ငရုတ်ကောင်းကျွမ်းကျင်သူများနဲ့ သိပ္ပံပညာရှင်များက ငရုတ်ကောင်း အရည်အသွေးနဲ့ စိုက်ပျိုးရေးဇုံများထူထောင်ဖို့အတွက် နောက်ဆုံး ပေါ်နည်းလမ်းများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်တွေက ယခုနှစ်လုပ်ငန်းဆောင်ရွက်မှုရလဒ်တွေနဲ့ လာမဲ့နှစ်အတွက် ချမှတ်ဆောင်ရွက်မဲ့ ရှေ့လုပ်ငန်းစဉ်တွေကို တင်ပြကြရမှာဖြစ်တယ်။
ကမ္ဘာ့ကုလသမဂ္ဂက ကမကထပြုထားတဲ့ IPC မှာအဓိကငရုတ်ကောင်းတင်ပို့နေကြတဲ့ အိန္ဒိယ၊ အင်ဒို နီးရှား၊ မလေးရှား၊ ဘရာဇီးလ်၊ သီရိလင်္ကာနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ပါ တယ်။ တစ်ပြိုင်တည်းမှာဘဲ ''ဗီယက် နမ်နိုင်ငံတကာ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်ပြပွဲနှင့် ဆွေးနွေးပွဲ-၂၀၀၈'' (VNPS Expo-2008)ကိုကျင်းပပြုလုပ်မှာဖြစ်တယ်။ အဲဒီပြပွဲကို တပ်မတော်ခေတ်မီအားကစားရုံ (၇) မှာ နိုဝင်ဘာလ ၂၅ ရက်က ၂၈ ရက်ထိကျင်းပမှာဖြစ်တယ်လို့ ငရုတ်ကောင်းထုတ်လုပ်သူများအဖွဲ့အကြီးအကဲ Do Ha Nam က ပြောပါတယ်။
ဗီယက်နမ်ဟာ လက်ရှိမှာ ကမ္ဘာ့ငရုတ်ကောင်းဈေးကွက်ဝေစုထက်ဝက်ကို ရယူထားနိုင်တဲ့ ကမ္ဘာ့နံပါတ် တစ် ငရုတ်ကောင်းတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ မနှစ်က မြေဟက်တာ ၅၀၀,၀၀၀ စိုက်ပျိုးပြီး နှစ်စဉ်တန်ချိန် ၁၀၀ယ၀၀၀ ထုတ်လုပ်နိုင်ပါတယ်။ တန်ချိန် ၈,၂၀၀၀ တင်ပို့ခဲ့ပြီး ငရုတ်ကောင်းကနေ ၀င်ငွေအမေရိကန်ဒေါ်လာ ၃၀၀ သန်းထိရရှိခဲ့လို့ ၂၀၀၆ ခုနှစ်နဲ့ နှိုင်းစာလျှင် ၀င်ငွေ ၄၂ ရာခိုင်နှုန်းတိုးတက်ရရှိခဲ့တယ်။ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းလုပ်ငန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို ၀င်ပြီးနောက်မှ ကြီးထွားလာ တာဖြစ်ပြီး ဒီနှစ်ပထမ ၅ လအတွင်း မှာ တန်ချိန် ၃၅,၀၀၀ ကိုတင်ပို့နိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၂၄ သန်းရရှိပြီဖြစ်တယ်။ ၁၉၉၆ ခုနှစ်က ငရုတ်ကောင်း တန်ချိန် ၁၀,၀၀၀ သာတင်ပို့နိုင်ခဲ့တဲ့ ဗီယက်နမ်ဟာ ၁၀ နှစ်ကြာပြီးနောက်မှာတော့ တင်ပို့မှု ၁၁ ဆထိတိုးတက်လာခဲ့ပြီလို့ VPA ရဲ့ အကြီးအကဲ Nam ကပြောခဲ့ပါတယ်။်။


Source:TNS (27-6-08)
စန္ဒာပျို