MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (27- 06 - 08)

ဆော်ဒီအာရေးဗီးယားကရေနံတိုးထုတ်မည်ဖြစ်၍ရေနံဈေးအနည်းငယ်ပြောင်းလဲ။

ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံတိုးထုတ်လုပ်မည်ဟု ကတိပေးသောကြောင့် လည်းကောင်း ရေနံပိုက်လိုင်းများနှင် ရေနံတင်ရေယာဉ်များအားတိုက်ခိုက်မှုကို ရပ်စဲတော့မည် ဟု နိုင်ဂျီးရီးယားစစ်သွေးကြွ တို့က ပြောကြားသောကြောင့် လည်းကောင်း ရေနံစိမ်းဈေးနှုန်းသည် အနည်း ငယ်ပြောင်းလဲမှုရှိခဲ့သည်။
ကမ္ဘာ့ရေနံတင်ပို့မှုအများဆုံးဖြစ်သော ဆော်ဒီအာရေးဗီးယားနိုင်ငံက တစ်နေ့လျှင် ရေနံစည် နှစ်သိန်းပိုထုတ်မည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက အထွက်ကိုတိုးထုတ်မည်ဖြစ် ကြောင်းရေနံဝန်ကြီး (Ali al-Naimi) က ဇွန်လ ၂၂ ရက်နေ့က ဂျက်ဒါတွင် ပြောကြားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများ အပေါ်တိုက်ခိုက်မှုကို ဇွန်လ ၂၄ရက် သန်းခေါင်ယံအချိန်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း နိုက်ဂျာမြစ်ဝကျွန်းပေါ်ဒေသ လွတ်မြောက်ရေးလှုပ်ရှားမှု အဖွဲ့က ကြေညာခဲ့သည်။
ဇွန်လ ၂၃ ရက်နေ့ စကာင်္ပူစံတော်ချိန် မနက် ၁၀း ၄၀ နာရီက ဇူလိုင်လအတွက် ရေနံစိမ်းဈေးနှုန်း မှာ ဆင့် ၄၀ တက်ပြီး တစ်စည်လျှင် ၁၃၅ဒဿမ၇၆ ဒေါ်လာရှိခဲ့သည်။ နယူး ယောက်ကူးသန်းရောင်းဝယ်ရေး ဒိုင်တွင် အီလစ်ထရွန်းနစ်စနစ်ဖြင့် ရောင်းဝယ်ရာ၌ သုညဒဿမ ၈ ရာခိုင်နှုန်း ခန့်ဈေးကျပြီး ၁၃၄ဒဿမ၃၁ ဒေါ်လာဖြစ်ရာမှပြန်တက် လာခြင်းဖြစ်သည်။
'ဆော်ဒီအာရေးဗီးယားနိုင်ငံက တိုမြှင့်ထုတ်ပေးလိုက်လို့ ဈေးကွက်ထဲမှာ ဖွဲ့စည်းပုံအရတကယ်တန်းပြောင်းလဲမသွားပါဘူး ဆော်ဒီကြုံနေရတဲ့ ပြဿနာက နောက်ဆုံးမှာ သူတို့ က တစ်နေ့ကိုရေနံစည် ၅ သိန်းတိုးပြီး စည် ၁ သန်းထုတ်ပြီဆိုရင်လည်းသူတို့မှာလက်ကျန်ပမာဏ သိပ်ရှိတော့ မှာမဟုတ်တော့သလို ဈေးနှုန်းကို အထောက်အကူပေးနိုင်မယ့် လက်ကျန်ပမာဏလဲရှိတော့မှာ မဟုတ်ဘူး' ဟု Puruin &Gertz Inc ၏ အထက် တန်းအကြံပေးအရာရှိ (Victor Shumm) က ပြောကြားသည်။

ကြိုပွိုင့်စာချုပ်များပြီးဆုံးချိန်
ပြီးခဲ့သည့် သီတင်းပတ်က စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် နိုင်ဂျီးရီးယားရှိ Chevron Corp နှင့် Royal Dutch Shell Plc တို့၏ ရေနံ တွင်းများမှ ရေနံအထွက်ကျဆင်း ခဲ့သည်။ထို့ပြင် ဒေါ်လာတန်ဖိုး ကျဆင်းမှု ကြောင့် ကုန်စည်များအပေါ်တွင်ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေခဲ့သည်။ အိုပက်နိုင်ငံများအဖွဲ့တွင် ရေနံထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်သော အီရန်နိုင်ငံက ယူရေနီယံသန့်စင်နေမှုများကိုရပ်ဆိုင်းအောင် ဆောင်ရွက်ပေးရန် အစ္စရေးနိုင်ငံက အမေရိကန်နှင့် ဥရောပနိုင်ငံတို့အား ဖိအားပေးနေကြောင်း ဇွန်လ ၂၀ ရက်နေ့က နယူးယောက်တိုင်းသတင်းစာတွင်ဖေါ်ပြခဲ့သည်။
ဇူလိုင်လအတွက် စာချုပ်ချုပ်ဆိုမှုများမှာ ဇွန်လ ၂၀ ရက်နေ့ကနောက်ဆုံးဖြစ်ခဲ့သည့် ရေနံဈေးနှုန်း မှာ ၂ ဒဿမ ၈၆ ဒေါ်လာ (၂ဒဿမ၂ ရာခိုင်နှုန်း) တက်ပြီး ၁၃၄ဒဿမ၆၂ ဒေါ်လာဖြစ်ခဲ့သည်။ဇွန်လ ၁၆ ရက်နေ့ကမူ အမြင့်ဆုံး စံချိန်ဖြစ်သော ၁၃၉ဒဿမ၈၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့သည်။
သြဂုတ်လအတွက် (Brent) ရေနံစိမ်းဈေးနှုန်းမှာ ဇွန်လ ၂၃ ရက်နေ့ စကာင်္ပူစံတော်ချိန် မနက် ၁၀း၂၉ နာရီတွင် London ICW ကြိုပွိုင့် ဈေးကွက်တွင် ၄၁ ဆင့်တက်၍ရေနံ တစ်စည်လျှင် ၁၃၅ ဒဿမ ၂၇ ဒေါ်လာနှုန်းဖြစ်ခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့က ၂ဒဿမ၈၆ ဒေါ်လာ (၂ဒဿမ၂ ရာခိုင်နှုန်း) တက်ပြီး ရေနံတစ်စည်လျှင် ၁၃၄ဒဿမ၈၆ ဒေါ်လာဖြစ်ခဲ့သည်။
ဇွန်လ ၂၂ ရက်နေ့က ဆော်ဒီအာရေးဗီးယားက ရေနံပိုထုတ်ရန်အဆိုပြုခဲ့ခြင်းမှာ မေလမှစ၍ ဒုတိယအကြိမ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဘုရင် Abdullah တို့တွေ့ ဆုံပြီးဇွန်လ ၁၆ ရက်နေ့ကကြေငြာခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ သည် လိုအပ်လာပါက ထပ်တိုး ထုတ်ပေးမည်ဖြစ်ကြောင်း၊ လာမည့် နှစ်ကုန်တွင် တစ်နေ့ထုတ်လုပ်မှုကို ၁၂ဒဿမ၅ သန်းအထိထုတ်လုပ် သွားရန် စီစဉ်ထားကြောင်း ရေနံဝန်ကြီး Al- Naimi ကပြောကြားသည်။

ဈေးကစားခြင်း
ရေနံဈေးနှုန်းမြင့်တက်ရခြင်းမှာ ရေနံဖြန့်ဖြူးမှုနည်းခြင်းကြောင့်ဖြစ်ရသည်ထက် ဈေးကစားခြင်း၊ ပထ၀ီဝင်နိုင်ငံရေးနှင့် ဒေါ်လာအားနည်းမှုတို့ ကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း အိုပက် ဥက္ကဌ Chakib Khelilကဇွန်လ ၂၂ ရက်နေ့က ဂျက်ဒါမြို့တွင်ရေနံသုံးစွဲသူများနှင့် ရေနံထုတ်လုပ်သူများ ကိုတွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ဆော်ဒီအာရေးဗီးယား၏ ရေနံတိုး၍ထုတ်လုပ်မှုသည် ကြောင်းကျိုးမညီညွတ်မှုမရှိဘဈေးနှုန်းကျသွား အောင် လုပ်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း လည်းပြောကြားခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့က ကုန်ဆုံးခဲ့သော သီတင်းပတ်အတွင်း ဟက်ခ်ျဖန် မန်နေဂျာများနှင့် အခြား ဈေးကစားသော ပွဲစားကြီးများသည် ရေနံ ဈေးနှုန်းတက်မှုအပေါ် အခွင့်ကောင်း ယူခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုကုန်စည်ကြိုပွိုင့်ရောင်းဝယ်ရေးကော်မရှင်၏ သတင်းအချက်အလက်များအရသိရသည်။
ယခင်နှစ်က နယူးယောက်ရေနံဈေးနှုန်းများသည် နှစ်ဆနီးပါးတက်ခဲ့သည်။ ဈေးနှုန်းများတက်ခဲ့ခြင်း မှာ ထုတ်လုပ်မှုရပ်ဝန်းများတွင် မတည်မငြိမ်ဖြစ်ခြင်း၊ အမေရိကန်ပြည် ထောင်စု စားသုံးသူတို့က မိမိတို့၏ ကားမောင်းနှင်မှုအလေ့အကျင့်ကို ပြောင်းလဲမှုများပြုခဲ့ခြင်းနှင့် အာရှဒေသတွင် ထောက်ပံ့ကြေးပေးမှုများ ရပ်ဆိုင်းခြင်းတို့ကြောင့်ဖြစ် ကြောင်း Cameron Hanover မှ Beutel ကပြောကြားသည်။

Source: Bloomberg.com
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး