စားအုန်းဆီစက်ရုံမှ ဇီဝလောင်စာစက်ရုံသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံသည့် KPO ကုမ္ပဏီ်။
ထိုင်းနိုင်ငံ Kanjanadit Palm Oil (KPO) ကုမ္ပဏီဟာ Surat Thani ရှိ၎င်း၏ စားအုန်းဆီစက်ရုံမှာ စားအုန်းဆီထုတ်လုပ်မှုတိုးချဲ့ဖို့နဲ့ ၎င်း စားအုန်းဆီမှ စွမ်းအင်ထုတ်လုပ်ဖို့ လိုအပ်တဲ့အထောက်အပံ့များ တိုးမြှင့်တည်ဆောက်ဖို့အတွက် ဘတ်သန်း ၂၅၀ ရင်းနှီးမြှုပ်နှံနေတယ်လို့သိရပါတယ်။
ဇီဝလောင်စာဓာတ်ငွေ့ထုတ်လုပ်တဲ့စနစ် (BGS) ကို အသုံးပြုပြီးတော့ KPO ကုမ္ပဏီဟာ ၂၀၁၀ ခုနှစ်မှာ စွန့်ပစ်ပစ္စည်းမရှိရေးနည်းဗျူဟာ (Zero-waste strategy) ကို အောင်အောင်မြင်မြင် ကျင့်သုံးနိုင်ဖို့အတွက် ဦးတည်ပြီးယင်းကဲ့သို့ ဆောင်ရွက်နေတယ်လို့ မန်နေဂျင်းဒါရိုက်တာ Somyot Suksawat ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် KPO ကုမ္ပဏီဟာ တရုတ်အခြေစိုက် Bestwork ကုမ္ပဏီနဲ့လည်း ၎င်းဇီဝလောင်စာစနစ် အောင်အောင် မြင်မြင် ထုတ်လုပ်နိုင်စေဖို့ နည်းပညာဖလှယ်ရေးသဘောတူစာချုပ်ကို ဇွန်လ ၂၅ ရက်နေ့မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာစတင်လည်ပတ်မဲ့ ဇီဝလောင်စာစွမ်းအား စီမံကိန်းအတွက်လည်း KPO ကုမ္ပဏီက ဘတ်သန်း ၁၂၀ ရင်းနှီးမြှုပ်နှံ သွားမှာဖြစ်ပါ တယ်။
အဆိုပါစီမံကိန်း ပထမအဆင့်မှာ စွမ်းအား ၁ ဒသမ ၂ မဂ္ဂါဝပ် ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံတည်ဆောက် သွားမှာဖြစ်ပြီး ၎င်းအတွက် ဘတ်သန်း ၆၀ ရင်းနှီးမြှုပ်နှံရန်လိုအပ် ပါတယ်။ ယင်းပထမအဆင့်ကို ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာစတင် လည်ပတ်ထုတ်လုပ်နိုင်မယ်လို့ Mr.Somyot က ပြောကြားခဲ့ပါတယ်။ ထို့ပြင် ကုမ္ပဏီအနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ ဒုတိယအဆင့်ဖြစ်တဲ့ ၁ ဒသမ ၂ မဂ္ဂါဝပ်ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ ဘတ်သန်း ၆၀ ကို ထပ်မံရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
နောက်ထပ် စွန့်ပစ်ရေတွေက ထုတ်လုပ်တဲ့ မီသိန်းဓာတ်ငွေ့သုံး ၂ မဂ္ဂါဝပ်စွမ်းအားရှိ ဂျန်နရေတာတစ်လုံးတည်ဆောက်ဖို့လည်း ဘတ်သန်း ၁၀၀ ရင်းနှီးသုံးစွဲသွားမယ်လို့သိရ ပါတယ်။
KOP ကုမ္ပဏီက ဒီလိုဇီဝလောင်စာထုတ်လုပ်တဲ့ စက်ရုံတွေတည်ထောင်ဖို့ ရင်းနှီးမြှုပ်နှံတာဟာ စွမ်းအင်ဈေးနှုန်းမြင့်တက်နေတဲ့အခု အခြေ အနေနဲ့ ကိုက်ညီမှုရှိပြီး အဆိုပါ စက်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ်အညစ် အကြေးတွေကိုလည်း ပိုမိုစီမံဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Mr.Somyot ကပြောကြားခဲ့ပါတယ်။
မနှစ်က KOP ကုမ္ပဏီဟာ လျှပ်စစ်သုံးစွဲမှုအတွက် တစ်လလျှင် ဘတ် ၈၀၀၀၀၀ သုံးစွဲခဲ့ကြောင်း၊ ယခုဆိုလျှင် လျှပ်စစ်သုံးစွဲမှုအတွက် ကုန်ကျ ရိတ်ကို ဘတ် ၅၀၀၀၀၀ ထိ လျှော့ချနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။
ဇီဝလောင်စာစက်ရုံသုံးရုံလုံးလည်ပတ်နိုင်တဲ့အခါ KPO ကုမ္ပဏီအနေနဲ့ စွမ်းအင်အသုံးစရိတ်လျော့ချနိုင် ရုံသာမက ၎င်းတို့စက်ရုံမှပိုလျှံတဲ့ စွမ်းအားတွေကို ပြည်နယ် လျှပ်စစ်အာဏာပိုင်သို့ ရောင်းချခြင်းဖြင့် တစ်လလျှင် အနည်းဆုံး ဘတ်တစ်သန်း ၀င်ငွေထပ်လောင်း ရရှိနိုင်တယ်လို့ Mr.Somyot ကပြောကြားခဲ့ပါတယ်။ ထို့ပြင်၂၀၁၀ ခုနှစ်အတွင်း စားအုန်းဆီထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းမြှင့်တင်ဖို့အတွက်လည်း နောက်ထပ် ဘတ်သန်း ၃၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ အားလုံးပြီးစီးသွားပါက KPO ကုမ္ပဏီရဲ့ စားအုန်းဆီထုတ်လုပ်မှုဟာ တစ်ရက်လျှင် လက်ရှိတန် ၈၀ မှ ၉၅ တန်ထိ တိုးမြှင့်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တိုးချဲ့နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ စားအုန်းဆီ စိုက်ခင်း ၈၀၀၀၀၀ ရိုင်မှ တစ်ရိုင်လျှင် စားအုန်းဆီ ၃ တန် ထုတ်လုပ်နိုင်ရာမှ ယခုဆိုလျှင် ၄ ဒသမ ၅ တန်ထိ တိုးမြှင့် ထုတ်လုပ်နေတယ်လို့ ၎င်းကရှင်းလင်းပြောကြားခဲ့ပါတယ်။
Source: Bangkokpost
KMMH
|