MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (27- 06 - 08)

ဆန်တစ်တန် ဒေါ်လာ ၆၀၀ ဈေးအောက်ရောက်ဖို့ မလေးရှားမျှော်လင့်။

စပါးစိုက်နိုင်ငံများ၊ ဆန်တင်ပို့နိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့၏ သြဂုတ်လနှင့် စက်တင်ဘာလတွင် ရိတ်သိမ်းရမည့် ယခု နှစ်သီးနှံအထွက်နှုန်းကောင်း မည်ဟူသော ကြိုတင်ခန့်မှန်းချက် ကြေငြာမှုများကြောင့် ဆန်အဓိကတင်သွင်းသည့် မလေးရှားနိုင်ငံသည် ဆန်တင်သွင်းရန်အတွက် ဈေးနှုန်းကိုစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ ကြောင်းနှင့် ထိုင်းနိုင်ငံမှ ဆန်တင်သွင်းရန် ထပ်မံမှာယူခြင်းမပြုမီ ဈေးနှုန်းကျဆင်းရန်စောင့်မည်ဖြစ်ကြောင်းသိရှိရသည်။
မလေးရှားနိုင်ငံသည် တစ်ဦးတည်းသော ဆန်တင်သွင်းသူ Padiberas Nasional Bhd ခေါ် ဘားနပ်စ် ကုမ္ပဏီသည် ဆန်ထပ်မံမ၀ယ်ယူမီ တစ်တန်လျှင်ကန်ဒေါ်လာ ၆၀၀ အောက်ကျဆင်းရန် မျှော်လင့်နေပြီး ဆန်အမြောက်အများ ၀ယ်ယူရန်အတွက် ဈေးကွက်အတွင်း မလေးရှား အစိုးရ၀င်ရောက်မှုအား သတိထား နေကြောင်းသိရပါသည်။ ဘားနပ်စ်သည် ယခင်လက ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းဝယ်ယူခဲ့သည့်အနက် တန်ချိန် ၈၀၀၀၀ ကို ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံမှဆန်တန်ချိန် ၃ သိန်း ၀ယ်ယူလိုသော်လည်း လတ်တလောအခြေအနေအရသဘောတူညီမှုစာချုပ်ချုပ်ဆိုခြင်းမရှိသေးကြောင်းသိရပါသည်။


Source: Commodityonline
CTM