MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (26- 06 - 08)

ဆင်းရဲမှုလျော့ပါးရေးဆိုင်ရာ ဘင်းမ်စတက် ၀န်ကြီးများအဆင့်အစည်းအဝေးတစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့၌ ဇူလိုင်လတွင် ကျင်းပမည်။

ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (ဘင်းမ်စတက်) ရဲ့ ဒေသတွင်း ဆင်းရဲမှုလျော့ပါးရေး ဆိုင်ရာ ၀န်ကြီးများအဆင့် အစည်းအဝေးတစ် ရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။
တရားဝင်အစီရင်ခံစာအရ အဖွဲ့ဝင်နိုင်ငံတွေမှ ကိုယ်စားလှယ်အရာရှိများဟာ အစည်းအဝေးအတွက် အောက်ခြေလုပ်ငန်းများ ပြင်ဆင်နိုင်ရန် ၀န်ကြီးအဆင့် အစည်းအဝေးမတိုင် ခင်တစ်ရက်စော၍ ဒါကာမြို့၌အကြို တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အစည်းအဝေး၌ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးကိစ္စရပ် များအပါအ၀င် အကြောင်းအရာအချို့ကို ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။အရာရှိများရဲ့ အကြိုဆွေးနွေးပွဲမှာ ဆင်းရဲမှုကို ချုပ်ကိုင်နိုင်ရန်၊ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီမံကိန်းအခြေခံပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးနည်းလမ်းများ ရှာဖွေရန်စသည်တို့အတွက်အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ ကျင့်သုံးနိုင်ရေးသတင်းအချက်အလက်များ ဖလှယ်ရန် ယန္တရားတစ်ရပ်တည်ထောင်ရေးကို ဆွေးနွေးကြမှာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါ တယ်။


Source: dailynews
KMMH