ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၅၃ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာမည့် ကိပ်ဗာဒီနိုင်ငံ။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြောက်ပိုင်းအာဖရိကကျွန်းနိုင်ငံ ကိပ်ဗာဒီနိုင်ငံ (Cape Verde) ဟာ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ၁၅၃ နိုင်ငံ မြောက်အဖွဲ့ဝင်ဖြစ်လာမယ်ဟု ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။
Cape Verde နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ၀င်ရောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ၁၉၉၉ ခုနှစ်မှစတင်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ယင်းသို့စေ့စပ်ညှိနှိုင်းရာမှာ ၎င်းနိုင်ငံရဲ့ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်း များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် တင်သွင်းလာသည့် ကုန်စည်များနှင့် ၀န်ဆောင်မှုများအတွက် ၎င်းနိုင်ငံ၌ဈေးကွက်ဖွင့်လှစ်ရန် ကတိပြုဆောင်ရွက်မှု များကို စစ်ဆေးလေ့လာမှုများ ပါဝင်တယ်လို့ သိရပါတယ်။
မြောက်အတ္တလန္တိတ်ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်သည့် Cape Verde နိုင်ငံတွင် လူဦးရေ ၄၀၀၀၀၀ ခန့် နေထိုင်ပြီး ဆားထုတ်လုပ်ရေး၊ ငှက်ပျောစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း များကို အဓိကလုပ်ကိုင်ကြပါတယ်။ Cape Verde နိုင်ငံဟာ ပေါ်တူဂီလက်အောက်မှ ၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၅၀ အနက် ၃၃ နိုင်ငံမြောက် အဆင်းရဲဆုံးနိုင်ငံဖြစ်လာမယ်လို့ သိရပါတယ်။
Source: AFP
KMMH
|