MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (25- 06 - 08)

တိုးတက်ဆောင်ရွက်နေသည့် အိန္ဒိယ-ထိုင်း စီးပွားကုန်သွယ်။

အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံသည် မြေပြင်နယ်နိမိတ်ချင်း ထိစပ်သည့်နိုင်ငံများ မဟုတ်သော်လည်း ရေကြောင်းနယ်နိမိတ် သွားလာမှုအတွက် တူညီသောရည်မှန်းချက်များ ရှိနေ ပြီး အိန္ဒိယနိုင်ငံ၏ Anadman နှင့် Nicobar ကျွန်းစုများသည် အိန္ဒိယပြည်မကြီးထက် ထိုင်းနိုင်ငံနှင့်ပို၍နီးကပ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ Blair နှင့် ထိုင်းနိုင်ငံ၏ ပူးကက်မြို့များ အကြား ပေါင်းကူးဆက်ဆံရေးသဘောတူညီမှုစာချုပ်အား ၂၀၀၅ ခုနှစ်၊ ဇွန် ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ အနောက်မျှော်နှင့် အိန္ဒိယနိုင်ငံ၏ အရှေ့ မျှော်မူဝါဒတို့သည် နှစ်နိုင်ငံအကြားစီးပွားရေးအခွင့်အလမ်းတွင် အပိုဆောင်းခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၁၉၉၁ ခုနှစ်တွင် ဒေါ်လာသန်း ၃၀၀ ထက်မကျော်ခဲ့ သော်လည်း ၂၀၀၇ ခုနှစ်တွင် ဒေါ်လာသန်း ၄၀၀၀ ထိ တိုးတက် လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ မှ အိန္ဒိယသို့ တင်ပို့သော ပို့ကုန်ပစ္စည်းများသည် ၂၀၀၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆ ထိ မြင့်တက်လာကြောင်း၊ အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓာတုပစ္စည်းများ၊ ဆေးဝါးနှင့် ဆိုင်သောပစ္စည်းများ၊ သံနှင့် သံမဏိကုန်ပစ္စည်းများ၊ စက်ယန္တရားများ၊ စက်အစိတ်အပိုင်း များ၊ ချည်ခင်များဖြစ်ပြီး ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သောပစ္စည်းများမှာ စက်မှုလက်မှု လုပ်ငန်းများအတွက် မူရင်းကဏ္ဍအဖြစ် အီလက်ထရောနစ်ပညာ၊ လျှပ်စစ်နှင့် ပတ်သက်သည့်ပညာ၊ သဘာဝ နှင့် လူလုပ်ဒြပ်ပေါင်း၊ ရုံးသုံးပစ္စည်းကိရိယာများ၊ မော်တော်ယဉ် Telecom များ၊ အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးချဲ့ရန်အတွက် ရှေးဦးအကျိုး ဆက်စီမံကိန်းအဖြစ် ထုတ်ကုန် ၈၂ မျိုးအပေါ် အခြေပြု၍ FTA ထူထောင်ရန် ၂၀၀၃ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် EHS စီမံကိန်းအရ အခွန် ၀ ရာခိုင်နှုန်း လျော့ချ၍ FTA ကို ၂၀၁၀ ခုနှစ်တွင် အောင်မြင်အောင် ထူထောင်သွားမည်ဖြစ်ကြောင်း၊ အကြိမ် ၆၀ မြောက် အိန္ဒိယ-ထိုင်း ဆက်ဆံ ရေးနှစ်ပတ်လည်အခမ်းအနားကို ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့ပြီး နှစ်နိုင်ငံစီးပွားရေး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူ့စွမ်းအားများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Source: နကသ (မြ၀တီ)
ခင်မာရီသိန်း