ငွေလဲလှယ်နှုန်းသတင်း။
အမေရိကန်နိုင်ငံ အိမ်ဈေးနှုန်းကျဆင်းမှုသည် စားသုံးသူများ၏ ယုံကြည်မှုကို ပျက်ပြားစေသည်ဟူသော ဇွန်လ ၂၄ ရက်နေ့တင်ပြမည့် အမေရိကန်အစီရင်ခံစာကြောင့် ယူရိုငွေ နှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းတွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာခဲ့ပါသည်။
ဇွန်လ ၂၃ ရက်နေ့တွင် လန်ဒန်ရှိ တစ်ယူရိုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၀၂ ရှိပြီး ဇွန်လ ၁၀ ရက်နေ့နောက်ပိုင်းကတည်းက အနိမ့်ဆုံးဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် အမေရိကန်ဒေါ်လာနှင့် ယန်းငွေလဲလှယ်နှုန်းတွင်လည်း ဒေါ်လာကျဆင်းခဲ့သည်။ တစ်ယူ ရိုလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၅ မှ ၁ ဒသမ ၅၆၇ ကြားတွင် ရှိနေမည်ဖြစ်ပြီး၊ အမေရိကန်တစ်ဒေါ်လာ လျှင် ဂျပန်ယန်း ၁၀၆ ဒသမ ၈ မှ ၁၀၇ ဒသမ ၈ ယန်းတွင် ရွေ့လျားနေမည်ဟု ခန့်မှန်းသည်။
အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၆ ဒသမ ၈၇၁၀ သို့မြင့်တက်ခဲ့ကြောင်းသိရှိရသည်။ အာရှ တွင် ငွေကြေးနှင့် ပတ်သက်၍ အပြောင်းအလဲမြန်ပြီး နံပါတ် ၂ နေရာတွင်ရှိသော ကိုရီးယားဝမ်သည် ပြည်တွင်း ဈေးကွက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးအရောင်းများကြောင့် အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၃၄ ဒသမ ၀၅ ၀မ်သို့ကျဆင်းခဲ့သည်။
Source: Bloomberg.com(23-6-08)
အေးမွန်မွန်လှိုင် |