တောင်အာဖရိကတွင် ပြောင်းနှင့် ဂျုံဈေးနှုန်းများကျဆင်းသွားမှု။
တောင်အာဖရိက၏ စံသတ်မှတ်ထားသော ပြောင်းနှင့်ဂျုံတို့သည် အနာဂတ်တွင် အပြည်ပြည် ဆိုင်ရာဈေးနှုန်းနှင့် ရေနံစိမ်းဈေးနှုန်းကျဆင်းလာမှုကြောင့် ဈေးနှုန်းကျဆင်းသွား မည်ဟု ကုနသည်များမှဆိုသည်။
ဇူလိုင်လအတွက် ချုပ်ဆိုခဲ့သော အဖြူရောင်ပြောင်းဈေးနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ တစ်တန်လျှင် ကန်ဒေါ်လာ ၂၅၉ ဖြင့်ချုပ်ဆိုခဲ့ပြီး အ၀ါရောင်ပြောင်း ဈေးနှုန်းမှာ ယခင်နှစ်ကာလတူထက် ၁ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်းကာ တစ်တန်လျှင် ကန်ဒေါ်လာ ၂၆၆ ဖြင့်ချုပ်ဆိုခဲ့ပါသည်။
အကြောင်းမှာ ချီကာဂိုဈေးကွက်တွင် ဈေးနှုန်းကျဆင်းသွားခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြည်တွင်းမှ စောင့်ကြည့်သူများဈေးနှုန်းသည် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် အပြိုင် ရပ်တည်လျက်ရှိသည်။ ပြောင်းနှင့် ဂျုံနှစ်မျိုးစလုံးသည် ရေနံစိမ်းဈေးနှုန်း၏ သက်ရောက်မှုကိုခံရသည်။ ဇွန်လ ၁၉ ရက်နေ့က ရေနံစိမ်းဈေးနှုန်း ကျဆင်းခဲ့ပြီးနောက် ပြောင်းနှင့် ဂျုံဈေးနှုန်းများသည်လည်း ကျဆင်းခဲ့ရသည်။ တောင်အာဖရိက၏ ဇူလိုင်လ အတွက် စာချုပ်ချုပ်ဆိုသော ဂျုံဈေးနှုန်းမှာ ၁ ဒသမ ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၅၁၈ ဖြင့်ချုပ်ဆိုခဲ့ပါသည်။
ပြောင်းပြီးနောက် ဂျုံသည် ဈေးကွက်တွင် အရေးပါသော ဈေးကွက်ကို မောင်းနှင်သော သီးနှံ ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ ကောက်ပဲသီးနှံခန့်မှန်းချက်ကော်မတီသည် ၎င်း၏ ငါးကြိမ်မြောက်ကောက်ပဲ သီးနှံထုတ်လုပ်မှုအပေါ်ဆန်းစစ်ချက်ထုတ်ပြန်ပြီးနောက် ဈေးနှုန်းကျဆင်းမှုသည် နောက်တစ်ပတ်အထိဆက်လက်ကျဆင်းနေမည်ဟု မျှော်လင့်ရသည်။
ထိုဆန်းစစ်ချက်အရ ပြောင်းထုတ်လုပ်မှုသည် ယခင်နှစ်ကောက်ပဲသီးနှံရိတ်သိမ်းချိန်တွင် တန်ချိန် သန်း ၇ ဒသမ ၁၂၅ မီလီယံမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ထုတ်လုပ်မှုတန်ချိန် သန်း ၁၁ ဒသမ ၃၂၈ သန်းထိမြင့် တက်လာမည်ဖြစ်ကြောင်းသိရှိရသည်။
Source: africa.reuters.com(20-6-08)
အေးမွန်မွန်လှိုင် |