MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (24- 06 - 08)

အိန္ဒိယနိုင်ငံ မိုးရွာသွန်းမှု နောက်ကျမှုကြောင့် ပဲမျိုးစုံစိုက်ပျိုးမှုအခက်အခဲနှင့် ကြုံတွေ့နိုင်။

အိန္ဒိယနိုင်ငံ ငွေကြေးဖောင်းပွမှု ၁၁.၀၅ ရာခိုင်နှုန်း မြင့်တက်ခြင်းနှင့်အတူ အစိုးရသည် ယခုရာသီအတွင်း ပြည်နယ်အများစုတွင် မိုးနောက်ကျမှုကြောင့် ပဲစိုက်ပျိုးမှု ချွတ် ချော်ဖွယ်ရှိသည့်သတင်းဖြစ်ပေါ်လျက်ရှိသည်။ ယခုနှစ်အစောပိုင်းက ပဲမျိုးစုံဈေးမြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေကြောင်းသိရှိရပါသည်။ ယခင်က မကြုံဖူး သော ပဲဈေးနှုန်းမြင့် တက်ခြင်းက အစိုးရမှ ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ခဲ့ပြီး အချို့နိုင်ငံများမှတင်သွင်းခဲ့ရသည်။
အဓိကစိုက်ပျိုးသောဒေသများတွင် မိုးရေမလုံလောက်မှုကြောင့် Kharis စိုက်ပျိုးမှု ကျဆင်းခဲ့ရခြင်းသည် ၁၀ စုနှစ်အတွင်း ပဲဈေးနှုန်း ၉ ရာခိုင်နှုန်းကျော် မြင့်တက်မှုကိုတွန်းပို့ လျက်ရှိသည်။ ပဲသည်အဓိကအားဖြင့် မိုးရေကြိုက်သော သီးနှံဖြစ်ပြီး ပထမမုတ်သုန်မိုးကျ ရောက်သည်နှင့် စိုက်ပျိုးခြင်းလုပ်ငန်းများ စတင်ရသောသီးနှံဖြစ်ပြီး မိုးရာသီတွင် တောင်သူများသည် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများ စိုက်ပျိုးလေ့ရှိသည်။
ဇွန်လမှ စက်တင်ဘာလအတွင်း ရွာသွန်းသော မုတ်သုန်မိုးဖြင့် အဓိကစိုက်ပျိုးကြသော မဟာသျှတ္တရ၊ အန်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်များတွင် လွန်ခဲ့ သောရက်အနည်းငယ်က မိုးရွာသော်လည်း ပဲမျိုးစုံစိုက်ပျိုးသောမြေများတွင် လုံလောက်သော မိုးရေကို လုံလုံလောက်လောက်ရရှိခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ကာနာတာကာဒေသရှိ လယ်သမားများသည် ပုံမှန်အားဖြင့် ဇွန်လဒုတိယပတ်တွင် စိုက်ပျိုးခြင်းစတင်သော်လည်း ယခုနှစ်တွင် စတင်စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်းသိရှိရ ပါသည်။
မဟာသျှတ္တရပြည်နယ်သည် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး မိုးရာသီ ပဲမျိုးစုံထုတ်လုပ်မှု၏ ထက်ဝက်ကို စိုက်ပျိုးထုတ်လုပ်သောဒေသဖြစ်သည်။ ပဲပုပ်စေ့ဈေးနှုန်း သည် လွန်ခဲ့သောတစ်နှစ်အတွင်း ၆၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး လွန်ခဲ့သော ၁၀ ရက် အတွင်းက အဓိကဈေးကွက်ကြီးများ၌ ကုလားပဲလုံးဈေး ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲနီ ကလေးဈေးများမှာ ၁၀၀ ကီလိုဂရမ်လျှင် ၂၀၀--၃၀၀ ရူပီးစီ အသီးသီးမြင့်တက်ခဲ့သည်။
ပဲမျိုးစုံဈေးနှုန်းသည် လာမည့်အပတ်များတွင် လိုအပ်ချက်များပြားလာမည်ဖြစ်သော ကြောင့် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၂၀၀ ခန့် ဈေးတက်နိုင်ပြီး ပဲဈေးနှုန်းကျဆင်းဖွယ်မရှိ ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ၂၀၀၇-၂၀၀၈ ပဲထွက်ရှိမှုမှာ ဆောင်းသီးနှံတန်ချိန် ၆.၄ သန်း အပါ အ၀င် စုစုပေါင်း ပဲမျိုးစုံတန်ချိန် ၁၅.၂ သန်း ထွက်ရှိကြောင်း၊ မိုးနည်းပါးခြင်းကြောင့် စိုက်ပျိုး ခြင်းလုပ်ငန်းများ ကျဆင်းမည်ဖြစ်ပြီး ပဲမျိုးစုံထွက်ရှိမှုကျဆင်းမည်ဖြစ်ခြင်းကြောင့်ဈေးနှုန်း သည် ဆက်လက်မြင့်တက်နေမည်ဟု လေ့လာသူများမှ ခန့်မှန်းကြပါသည်။
ကမ္ဘာတွင် ပဲအများဆုံးထုတ်လုပ်ပြီး အများဆုံးစားသုံး၍ အများဆုံးတင်သွင်းသော အိန္ဒိယနိုင်ငံသည် ပဲတင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ပြုပြီး ပဲပြည်ပတင်ပို့မှုပိတ်ပင် ခြင်းအား ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လအထိ ပြည်ပတင်ပို့မှုပိတ်မည်ဖြစ် ကြောင်းသိရှိရပါသည်။

Source: commodityonline
CTM