MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (23- 06 - 08)

အိန္ဒိယဂျုံအထွက် ယခုနှစ်တွင် တန်ချိန် ၇၈ သန်းရောက်ရှိ။

အိန္ဒိယနိုင်ငံသည် ၂၀၀၇-၂၀၀၈ ရာသီချိန်တွင် ဂျုံတန်ချိန်စုစုပေါင်း ၇၈ သန်းထုတ်လုပ်နိုင်ခဲ့ပြီး အစိုးရမှ တတိယအကြိုခန့်မှန်းချက်များတွင် လျာထားခဲ့သည်ထက် ပိုမို ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။ အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) ၏ မန်နေဂျင်းဒါရိုက်တာနှင့် ဥက္ကဌဖြစ်သူ Alok Sinha က ယခုနှစ်တွင် ဂျုံတန်ချိန် ၇၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ တတိယအကြိုခန့်မှန်းချက်အရ ယခင်နှစ်က ဂျုံတန်ချိန် ၇၅.၈၁ သန်း ထုတ်လုပ် နိုင်ခဲ့မှုနှင့် နှိုင်းယှဉ်ပြီး ၂၀၀၇-၂၀၀၈ ရာသီချိန်တွင် ဂျုံတန်ချိန် ၇၆.၇၈ သန်း အထိ စံချိန်တင်ထုတ်ရန် လျာထား ခဲ့ကြောင်းသိရသည်။
အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများကို တိုးမြှင့်ပေးလိုက်ခြင်းနှင့် စံချိန်တင်ထုတ်လုပ်နိုင်မှု ကျောထောက် နောက်ခံပေါ်တွင် အခြားနိုင်ငံတော်အေဂျင်စီများနှင့် တစ်လျှောက်လုံး လက်တွဲလာခဲ့သော FCI သည် လျာထား တန်ချိန် ၁၅ သန်းထက်ကျော်လွန်၍ ယခုအချိန်အထိ တန်ချိန် ၂၂.၁၄ သန်းရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ အိန္ဒိယအစိုးရ သည် ဂျုံရောင်းဝယ်နေဆဲဖြစ်သည့် ရာသီချိန်အတွင်း တိုးမြှင့်ဝယ်ယူရရှိရန်အတွက် ဂျုံတစ်ကွမ်တယ်အတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း MSP ကို ရူပီး ၁၀၀၀ သတ်မှတ်ခဲ့ သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းက လျာထားချက်ထက် လျော့နည်းဝယ်ယူရရှိသောကြောင့် ဗဟိုမှ ဂျုံတန်ချိန် ၇.၃ သန်းကို တင်သွင်းခဲ့ရကြောင်းလည်းသိရှိရသည်။

 

Source: Commodityonline.com
HDW