လောင်စာဆီဈေးနှုန်းအကြပ်အတည်းသက်သာစေရေး အာဆီယံ စွမ်းအင်ဝန်ကြီးများ နည်းလမ်းရှာဖွေမည်။
လောင်စာဆီဈေးနှုန်းမြင့်တက်နေမှုအကျပ်အတည်းကို စုပေါင်းဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စွမ်းအင်ဝန်ကြီးများဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Poonpirom Liptapanlop ကပြောကြားလိုက်ပါတယ်။
(၂၆) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများစည်းဝေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သြဂုတ်လ ၄ ရက်နေ့က ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေက လတ်တလောကြုံတွေ့နေရတဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မှုအကျပ်အတည်းကို လျော့ပါးသွားစေအောင်ကိုင် တွယ်ဖြေရှင်းနိုင်မဲ့ အများသဘောတူလက်ခံနိုင်တဲ့မဟာဗျူဟာကိုရှာဖွေဆောင်ရွက်ကြဖို့ ဆွေးနွေးကြမှာဖြစ်တယ် လို့ သူမကပြောပါတယ်။ လောင်စာဆီဈေးနှုန်းအကြပ်အတည်းကို လက်တွေ့ ဆောင်ရွက်နိုင်မဲ့မဟာဗျူဟာကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ အစားထိုးလောင်စာဆီသုံးစွဲဖို့ အထူးသဖြင့် ဇီဝဒီဇယ်ကိုသုံးစွဲဖို့ ဆွေးနွေးပွဲခေါင်း စဉ်တစ်ရပ်အနေနဲ့ ထိုင်းနိုင်ငံက အဆိုပြုတင်သွင်းမှာဖြစ်တယ်လို့ ထိုင်းစွမ်းအင်ဝန်ကြီးက ပြောပါတယ်။
ဒေသအတွင်းမှာရှိတဲ့ လျှပ်စစ်ဓါတ်ထုတ်လွှတ်မှုလိုင်းနှင့်ဓါတ်ငွေ့ပိုက်လိုင်းများကိုသုံးစွဲခြင်းဖြင့် အာဆီ ယံ အဖွဲ့ဝင်နိုင်ငံတွေက စွမ်းအင်အရင်းအမြစ်များ ရေရှည်ရရှိအောင် ထိုင်းနိုင်ငံဟာ အတတ်နိုင်ဆုံးကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူကပြောကြားသွားပါတယ်။
Souce: TNA (24-7-08)
စန္ဒာပျို
|