MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (31 - 07 - 08)

ယူနန်ပြည်နယ်၏ လယ်ယာထွက်ကုန်ပစ္စည်းဈေးနှုန်းများ ၃၆ ရာခိုင်နှုန်းကျော်မြင့်တက်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ လယ်ယာထွက်ကုန်ပစ္စည်း (၂၁) မျိုးရဲ့ ဈေးနှုန်းတွေဟာ ဒီနှစ်ပထမ ၆ လအတွင်းမှာ ပြီးခဲ့တဲ့နှစ်အလားတူကာလထက် ၃၆ ဒသမ ၅၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
ယူနန်ပြည်နယ်စိုက်ပျိုးရေးဌာနရဲ့ စာရင်းဇယားတွေအရ ဆန်စပါး၊ စားသုံးဆီ၊ ဟင်းသီးဟင်းရွက်၊ မွေးမြူရေးပစ္စည်းနဲ့ ရေထွက်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ဆန်စပါးဈေးနှုန်းမှာ ၁၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ စားသုံးဆီဈေးနှုန်းမှာ ၅၅ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာ ၁၈ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အလားတူ ၀က်သားဈေးနှုန်းမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ အသားဈေးနှုန်းမှာ ၄၆ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ မွေးမြူရေးအစားအစာဈေးနှုန်းမှာ ၂၉ ဒသမ ၄၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ ဈေးနှုန်းမြင့်တက်ခဲ့ရခြင်းရဲ့ အကြောင်းရင်း ၃ ရပ်ကိုတွေ့ရပါတယ်။
ပြည်တွင်းပြည်ပဈေးကွက်မှာ ထုတ်လုပ်မှုနဲ့ စားသုံးမှုမမျှတတာ၊ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလို့ ရေနံဈေးနှုန်းမြင့်တက်တာ၊ စားသုံးကုန်စည် ထုတ်လုပ်မှု စရိတ်မြင့် တက်တာ၊ ဖေဖော်ဝါရီလအတွင်း ဆီးနှင်း ကျရောက်ခဲ့တဲ့အတွက် လယ်ယာစိုက်ပျိုးမှုနဲ့ စားသုံးဆီထုတ်လုပ်မှုကျဆင်းခဲ့တွေက ပထမအကြောင်းရင်းဖြစ် ပါတယ်။
ဒုတိယအကြောင်းရင်းကတော့ မွေးမြူရေးပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့လို့ လယ်ယာထွက် ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ကျောက်မီးသွေး၊ လျှပ်စစ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့တို့ရဲ့ ဈေးနှုန်းတွေကြီးမြင့်ပြီး လယ်ယာထွက်ကုန် ပစ္စည်းထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ လယ်ယာထွက်ကုန် ပစ္စည်းဈေးနှုန်း တွေကို မြင့်တက်စေခဲ့တာက တတိယ အကြောင်းရင်းဖြစ်ပါတယ်။

source: ကူမင်းနေ့စဉ်သတင်းစာ
MIRT