ကမ္ဘာ့စားအုန်းဆီဈေးနှုန်းကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် မလေးရှားကြိုးပမ်း။
မလေးရှားစားအုန်းဆီကြမ်း ပြည်ပတင်ပို့မှုမြင့်တက်လာမည်ဟူသော ခန့်မှန်းချက်ကြောင့် ဇူလိုင်လ (၂၄) ရက်နေ့က Bursa Malaysia Derivatives တွင် စားအုန်းဆီကြမ်း (CPO)ကြိုပွိုင့်ဈေးနှုန်းပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။
ဇူလိုင်လ (၂၃) ရက်နေ့က CPO လက်ငင်းဈေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၃၁၂၀ (ကန်ဒေါ်လာ ၉၆၀) ရှိနေရာမှ ဇူလိုင် (၂၄) ရက်နေ့တွင် တစ်တန်လျှင် ၃၁၅၀ ရူပီး (ကန်ဒေါ်လာ ၉၆၉ ဒသမ ၂၃) ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သို့သော် အဆိုပါဈေးနှုန်းသည် ၂၀၀၈ နှစ်ဦးပိုင်းက ဈေးနှုန်းဖြစ်တဲ့ ၄၀၀၀ ရင်းဂစ် (ကန်ဒေါ်လာ ၁၂၃၁ ၀န်းကျင်) နဲ့ နှိုင်းယှဉ်လျှင် အလွန်အမင်းကျဆင်းလျက်ရှိနေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေမှုကို အစောတလျှင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း သိရပါ တယ်။
နှစ်ရှည်ပင်လုပ်ငန်းများနဲ့ ကုန်ပစ္စည်းများ ၀န်ကြီးဌာန၀န်ကြီး Datuk Peter Chin Fah Kui ကဈေးနှုန်း ကျဆင်းနေမှုကို ရေရှည်ဖြစ်မသွားစေဖို့ အဆင့်ဆင့် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ဦးစွာပထမအနေနဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများကို သန့်စင်ပြီး စားအုန်းဆီတင်ပို့ခြင်းဖြင့်လည်းကောင်း၊ ၎င်းင်း နောက်စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် အသုံးချမဲ့ အနောက်ပိုင်းနိုင်ငံများအား လာမဲ့ ဆောင်းတွင်းအမီ စားအုန်းဆီတိုးတက်တက်ပို့ခြင်းဖြင့်လည်းကောင်း နိုင်ငံတွင်းလက်ကျန်စားအုန်းဆီကြမ်း ကို လျော့ချသွားမယ် လို့ဆိုပါတယ်။
ဒါ့အပြင် မလေးရှားမှာလည်း စားအုန်းဆီကို ဇီဝလောင်စာအဖြစ် ထုတ်လုပ်မည့်အပြင် ပြည်တွင်းရှိ စွမ်းအင်ထုတ်လုပ်သူများအား ဒီဇယ်အစား စားအုန်းဆီကြမ်းကို စွမ်းအင် ကုန်ကြမ်းအဖြစ် အသုံးပြုရေးတွန်း အားပေးမှာဖြစ်ကြောင်း သိရပါတယ်။ မလေးရှားမှာ ဇီဝလောင်စာစက်ရုံ ၁၀ ရုံရှိသော်လည်း စက်ရုံ (၃) ရုံသာ လည်ပတ်လျက်ရှိကြောင်း၊ အကြောင်းမှာ နှစ်ဦးပိုင်းက စားအုန်းဆီကြမ်းနဲ့ Palm Olein ဈေးနှုန်းများမြင့်မားခဲ့၍ ဖြစ်ကြောင်း သိရပါတယ်။
Source:mpoc.org.my
ပပ
|