MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (31 - 07 - 08)

ချေးငွေမငြိမ်မသက်မှုကျဆင်း၍ ဒေါ်လာတန်ဖိုးပြန်တက်။

ငွေကြေးဈေးကွက် မငြိမ်မသက်ဖြစ်တာငြိမ်သွားပြီး ရေနံစိမ်းဈေးနှုန်းပြန်ကျသွားတဲ့အတွက် ယခုဇူလိုင် လဒုတိယပတ်အတွင်း ယူရိုနဲ့ လဲလှယ်တဲ့ ဒေါ်လာရဲ့ တန်ဖိုးဟာ ပြန်တက်လာပါတယ်။ အမေရိကန်ပြည်ထောင် စုရင်းနှီးမြှုပ်နှံမှုဘဏ်တေဟာ ချေးငွေဈေးကွက်က ဆုံးရှုံးမှုတွေကို တောင့်ခံနိုင်ပြီး အမေရိကန်ဗဟိုဘဏ်နဲ့ ဘဏ္ဍာ ရေးဌာနက Fannie Mae နဲ့ Fraddie Mac တို့ကို ကျားကန်ပေးမဲ့ အစီအစဉ်ကို ချမှတ်မဲ့လက္ခဏာတွေပြသ လာတဲ့အတွက် ဒေါ်လာငွေကြေးက ယန်းငွေနဲ့လဲလှယ်ရာမှာလည်း တန်ဖိုးတက် လာပါတယ်။ ဂျာမဏီရဲ့ ရင်း နှီးမြှုပ်နှံမှုအလားအလာကလည်း ၁၉၉၁ ခုနှစ် နောက်ပိုင်းအနိမ့်ဆုံးအခြေအနေထိကျလာတဲ့အတွက် ယူရိုငွေကြေးဇုန်မှ တိုးတက်မှုနှေးကွေးမဲ့ လက္ခဏာပြသလာပါတယ်။
ဇွန်လ ၁၈ ရက်နေ့က နယူးယောက်ဈေးကွက်မှာ ဒေါ်လာတန်ဖိုးဟာ ယူရိုနဲ့လဲလှယ်ရာမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းတက်ပြီး တစ်ယူရိုကို ၁ ဒသမ ၅၈၄၇ နှုန်းဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ကဆိုရင် ၁ ဒသမ ၅၉၃၈ ဒေါ်လာဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ကဆိုရင် ၁ ဒသမ ၆၀၃၈ ဒေါ်လာနှုန်းထိဒေါ်လာတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ယန်းငွေနဲ့ လဲလှယ်ရာမှာတော့ ငွေကြေးတန်ဖိုးဟာ ၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၀၆ ဒသမ ၉၆ ယန်းနှုန်းဖြစ်ခဲ့ပါတယ်။ မူလက ၁၀၆ ဒသမ ၂၈ ယန်းသာရခဲ့ပါတယ်။
ငွေကြေးဈေးကွက်တွေမှာ ယုံကြည်မှုကိုဖြန့်ပြီး ထိန်းထားနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအိမ် ခြံမြေလုပ်ငန်းကို ဒေါ်လာ ၁၂ ထရီလျံနီးပါးထောက်ပံ့နေတဲ့ Fannie Mae နဲ့ Freddie Mac ရဲ့ ရှယ်ယာတွေ ၀ယ်ယူဖို့ အခွင့်အာဏာရရှိဖို့အတွက် ဘဏ္ဍာရေးဝန်ကြီး Henry Paulson က ဇူလိုင်လ ၁၃ ရက်နေ့က အမေရိကန် အထက်လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က မိမိရဲ့ နယူးယောက်ဘဏ်ခွဲကနေ တိုက် ရိုက်ချေးယူဖို့ ကုမ္ပဏီတွေကို ခွင့်ပြုခဲ့ပါတယ်။
တစ်ယူရိုကို အမေရိကန် ၁ ဒသမ ၄၃၅၀ ဒေါ်လာနဲ့ ယူရိုငွေကို ရောင်းချဖို့ အမေရိကန်ဘဏ် Bank of America ဘဏ်က ရင်းနှီးမြှုပ်နှံသူတွေကို အကြံပြု ထောက်ခံပေးခဲ့ ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ၁၆ ဒေါ်လာကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ယူရိုနဲ့ လဲလှယ်ရာမှာ ဒေါ်လာကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။
ယူရိုနဲ့ ဒေါ်လာလဲလှယ်တဲ့နှုန်းနဲ့ ရေနံဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်က ရှိခဲ့တဲ့အချိန်ကာလရဲ့ ၉၀ ရာခိုင် နှုန်းလောက်မှာ တူညီတဲ့နှုန်းထားနဲ့ သွားနေခဲ့တယ်လို့ Bloomberg က တွက်ချက်တင်ပြထားပါတယ်။

Source:Bloomberg(19-7-08)
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး