OPEC ၏ ၁၄၉ ကြိမ်မြောက်အစည်းအဝေးကျင်းပမည်။
ရေနံရောင်းချသောနိုင်ငံများအဖွဲ့ (OPEC) ညီလာခံရဲ့ ၁၄၉ ကြိမ်မြောက်အစည်းဝေးကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် သြစတျေးလျနိုင်ငံ၊ ဗီယန်နာမြို့၌ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို သတင်းနှင့်စာနယ်ဇင်းမှပုဂ္ဂိုလ်များနဲ့ ရေနံလုပ်ငန်းကိုလေ့လာဆန်းစစ်တဲ့ ပညာရှင်တွေတက်ရောက်နိုင်ပါတယ်။
အစည်းအဝေးတက်ရောက်ဖို့နဲ့ သတင်းအချက်အလက်ရယူဖို့အတွက် ၀င်ခွင့်ကတ်ပြားပြုလုပ်ရမှာဖြစ်ပါ တယ်။သတင်းနှင့်စာနယ်ဇင်းမှ ပုဂ္ဂိုလ်တွေဟာ အဲဒီကတ်ပြားနဲ့ အတူနိုင်ငံကူးလက်မှတ်ကိုပါ တင်ပြနိုင်ရမှာဖြစ်ပါတယ်။ဝင်ခွင့်ကတ်ပြားမရှိတဲ့၊ မပြုလိုက်ရတဲ့ရေနံဈေးကွက် လေ့လာတဲ့ပညာရှင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် တင်ပြနိုင် ရမှာဖြစ်ပါတယ်။
အခမ်းအနားတက်ရောက်လိုတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့ ပညာရှင်များအနေဖြင့်ကတ်ပြားပြုလုပ်ဖို့ အတွက်မိမိတို့၏ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရမည့်ပုံစံကို www.opec.org / home / contact / attending Mtg.asp မှာဖြည့်စွက်ပေးပို့နိုင်ပါတယ်။
source: opec.org
သိန်းမြင့်ဝေ
|