MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (29- 07 - 2010)

တရုတ်မှာ တတိယစက်ရုံကို ဟွန်ဒိုင်းမော်တာဆောက်ခွင့်ရ။

ရွှန်းရီခရိုင်အတွင်းရှိ ပေကျင်းစက်မှုဖွံ့ဖြိုးရေးဇုန်မှာ တတိယမြောက်ကားစက်ရုံကို စက်တင်ဘာတွင် အုတ်မြစ်ချမှာဖြစ်ကြောင်း ဟွန်ဒိုင်းမော်တာက ဇူလိုင် ၂၅ ရက်ကကြေညာပါတယ်။ ပေကျင်းမြို့တော် အစိုးရနဲ့ အပြီးသတ်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးသွားပြီဖြစ်လို့ တရားဝင်လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိတစ်ဦးကပြောပါတယ်။
ဟွန်ဒိုင်းမော်တာနဲ့ ပေကျင်း အော်တိုမိုးတစ်ဂရုတို့ဖက်စပ်ထူထောင်ထားတဲ့ ပေကျင်းဟွန်ဒိုင်းကုမ္ပဏီ ကလောလောဆယ်မှာ ရွှန်းရီခရိုင်မှာ စက်ရုံနှစ်ရုံတည်ဆောက်ထားပြီး နှစ်စဉ်မော်တော်ယာဉ်စီးရေ ၆၀၀၀၀၀ ထုတ်လုပ်နိုင်ပါတယ်။ ယခုနှစ်မှာ ကုမ္ပဏီက အစီးရေ ၆၇၀၀၀၀ ရောင်းချနိုင်မယ်လို့မျှော်မှန်းထားတဲ့အတွက် ၀ယ်လိုအားကထုတ်လုပ်မှုစွမ်းအားကို ကျော်လွန်နေပါတယ်။
ဟွန်ဒိုင်းက တတိယစက်ရုံဆောက်လုပ်ရေးကိစ္စကို လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက တွန်းအားပေးဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပေကျင်းအော်တိုမိုးတစ်သို့နည်းပညာပိုမိုလွှဲပြောင်းရေးနဲ့ တရုတ်ဖြစ်စက်အစိတ် အပိုင်းများ အများအပြား အသုံးပြုရေးတို့ကို ပေကျင်းမြို့တော်အစိုးရက တောင်းဆိုတဲ့အတွက် အကောင်အထည် ဖေါ်ရာမှာ နှောင့်နှေးမှုရှိခဲ့တာဖြစ်ပါတယ်။ဒီလိုဈေးနှုန်းမြင့်တက်ခြင်းရဲ့ နောက်ကွယ်တွင် ပူးပေါင်းမသမာ မှုများရှိနေကြောင်း ကြက်ဥမူဝါဒကော်မတီညွှန်ကြားရေးမှူး Mr. Korbsak Sabhavasu မှပြောကြားခဲ့ပါတယ်။
Source:chosun.com (26.7.2010)
ဥာဏ်တင်