Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (29- 07 - 2010) |
ယူနန်ပြည်နယ် ကူမင်းခရိုင်အတွင်း ဌာန (၆) ခုပါဝင်သည့် စားသုံးကုန်များ သီးသန့်စစ်ဆေးမှုပြုလုပ်ခဲ့။
၂၀၁၀ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ တရုတ်နိုင်ငံအတွင်းရှိ ကမ်းရှုပြည်နယ်၊ ချင်းဟိုင်းပြည် နယ်နှင့် ကျိလင့်ပြည်နယ်စသော ပြည်နယ်အတွင်း စားသုံးကုန်ပစ္စည်း လုံခြုံမှုထိန်းသိမ်းစောင့်ရှောက်ရေးဌာနက နို့ထွက်ပစ္စည်းနှင့် နို့မှုန့်ဆိုင်ရာစစ်ဆေးသည့်အခါ ကလေးများအတွက် နှိုမှုန့်တွင်ခဲဆိပ်သင့်မှု (မယ်လမင်း) ဓာတုဆေးဝါး ရောစပ်ထားမှုအား စစ်ဆေးတွေ့ရှိပြီးသည့်နောက်ပိုင်း ယူနန်ပြည်နယ်ကူမင်းခရိုင်၌ ခရိုင် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်ရာ စစ်ဆေးရေးဌာန၊ လယ်ယာဌာန၊ အရည်အချင်း စစ်ဆေးရေးဌာန၊ စီးပွားရေး ရာဌာန၊ ကျန်းမာရေးဌာနနှင့် ကုံအံဌာနတို့မှ ဦးစီးအရာရှိများပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခဲ့ ပါတယ်။ အဆိုပါအဖွဲ့ဟာ ချမ်ကျင့်နို့ထွက်ပစ္စည်းကုမ္ပဏီလီမိတက်သို့ သွားရောက်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ပြီး နို့ထွက် သတ္တ၀ါများ မွေးမြူရေးစခန်းသို့ ၀င်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ခရိုင်မြို့တော်ဝန် လျှောက်ဘေစမ်းက စားသုံးကုန်ပစ္စည်းလုံခြုံမှုရှိရေးသည် အများပြည်သူတို့အပေါ် အထူးအလေးထားမှုရှိလာသည့် တရုတ်ပြည်တွင်း အကြီးဆုံးနဲ့ နာမည်အရဆုံး၊ အရောင်းရဆုံး "ဆမ်းလုနို့မှုန့်" အတွင်း မယ်လမင်းဓာတုဆေး ရောစပ်ထားမှုအား စစ်ဆေးတွေ့ရှိလိုက်မှု ကြောင့် ၎င်းင်းစက်ရုံအားရပ်ဆိုင်းပြီး ချိတ်ပိတ်ခဲ့ကာ တာဝန်ခံလူကြီး တို့အား တရားဥပဒေဖြင့်သေဒဏ် ချမှတ်ခြင်းနဲ့ အောက်လက်ငယ်သားသက်ဆိုင်သူများ ပြစ်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရမှုတို့အား သင်ခန်းစာအဖြစ် အတုယူကာ ကောင်းမွန် တိကျမှန်ကန်စွာ ပြုလုပ်ဆောင်ရွက်သွားကြရေး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source:ယူနန်ဒူးရှိပေါင်
အောင်ဆွေ (မူဆယ်)
|
|