Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (22- 07 - 2010) |
ကူမင်းကျောက်မျက်ရတနာပြပွဲမှ ရောင်းချရငွေများအား ကြက်ခြေနီအသင်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးသူများအား ပံ့ပိုးကူညီ။
ယူနန်ပြည်နယ် ကူမင်းအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲဗဟိုဌာနမှကြီးမှူးပြီး " ကျောက်မျက်ရတနာ ပြပွဲ" ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့က ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ ကျောက်မျက်ရတနာပြပွဲ ပထမနေ့ရက်တွင် ပြပွဲကိုလာရောက်ကြည့်ရှုသူနှစ်သောင်းကျော်ရှိပြီး ကျောက်မျက်ရတနာများ ယွမ်ငွေ ၅၈ သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ပြပွဲဒုတိယနေ့မှာ လာရောက်ကြည့်ရှုသူ နှစ်သောင်းခွဲကျော်ရှိပြီး ကျောက်မျက်ရတနာများကို ပထမနေ့ကထက် သုံးဆနီးပါးဖိုး ယွမ် သိန်း ၃၅၀ ဖိုး ခန့်ရောင်းချနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြပွဲမှာ အဓိကရောင်းချရတဲ့ ကျောက်မျက်ရတနာတွေကတော့ ဟွမ်လုံရိကျောက်နဲ့ ကျောက်စိမ်း များ အများဆုံးရောင်းချရတယ်လို့သိရပါတယ်။ ကူမင်းအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲမှ လက်ကျန်ကျောက်များ ဖြစ်ပြီး တဲ့ဟုန်ထိုင်း၊ မံစီခရိုင်၊ ယင်ကျန်းနဲ့ရွှေလီဒေသများမှ ကျောက်ကုန်သည်များက ထားရစ်ခဲ့ပြီးရောင်းချ ရငွေများအား တဲ့ဟုန်တိုင်းရှိ ဆင်းရဲနွမ်းပါးသူများအား ကြက်ခြေနီအဖွဲ့မှတစ်ဆင့် ပံ့ပိုးကူညီနိုင်ရေးအား ဆောင်ရွက်တယ်လို့သိရပါတယ်။ ဒီပြပွဲအတွင်းမှာ ကျောက်အရေအတွက် ၂၈၆ မျိုးအနက် ၂၃၀ ကျော် ယွမ် ၁ ဒသမ ၃၃ သိန်းဖိုးရောင်းချရရှိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source:ယူနန်ချွန်းချိန်ဝမ်ပေါင်
အောင်ဆွေ (မူဆယ်)
|
|