MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (22- 07 - 08)

အိန္ဒိယမှ ဆန်တန်ချိန် ၆၅၆၃၁ ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိ။

ယခင်နှစ် ရေလွှမ်းမိုးမှုနှင့် ဆိုင်ကလုန်းဖြစ်ပေါ်ပြီးနောက်ပိုင်း အိန္ဒိယအစိုးရနဲ့ သဘောတူလက်မှတ် ရေးထိုးချက်အရ နောက်ဆုံးပို့ကုန်အဖြစ် အိန္ဒိယမှဆန်တန်ချိန် ၆၅၆၃၁ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံရရှိခဲ့ပါတယ်။
စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ပြီး တန်ချိန် ၆၀၀၀၀ သယ်ယူလာတဲ့ သင်္ဘော ၅ စင်းကလဲ မကြာမီဆိပ်ကမ်းသို့ရောက်ရှိမည်ဖြစ်ကြောင်း အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ကုန်သွယ်မှုသဘောတူညီချက်အရ အိန္ဒိယနိုင်ငံမှဆန်တန်ချိန် ၁.၂၀ သိန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိတဲ့တန်ချိန်အနည်းငယ်မှာလည်း ယခုလ အတွင်းရောက်ရှိမည်ဖြစ်ကြောင်း အစိုးရမှ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ ပြည်နယ် ၅ ခုပိုင် ကုန်သွယ်မှုအေဂျင်စီမှ ဆန်တန်ချိန် ၅ သိန်းအား ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရန် ကတိပြုခဲ့ပြီး မကြာမီက နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း သဘော တူညီလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရပါတယ်။

CTM