MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (21- 07 - 08)

ဗီယက်နမ်ရဲ့ ရွှေအချိန်အတွယ်ပြောင်းလဲသုံးသင့်။

ဗီယက်နမ်မှာ အခြေစိုက်တဲ့ ကမ္ဘာ့ရွှေကောင်စီမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Huynl Trung Khanh က ဗီယက်နမ်နိုင်ငံရဲ့ ရွှေနဲ့ လက်ဝတ်ရတနာလုပ်ငန်းများဟာ ကိုယ်ပိုင်တံဆိပ်များနဲ့ နာမည်ရနေပြီး ကမ္ဘာ့ဈေးကွက်နဲ့ အညီတိုးမြင့်ထုတ်လုပ်တင်ပို့နိုင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်စဉ် ဂျာမဏီ၊ ပြင်သစ်၊ အမေရိကန်နိုင်ငံများကို ရွှေနဲ့ လက်ဝတ်လက်စားများတင်ပို့မှုကနေ ဒေါ်လာ သန်း ၃၀ က ၄၀ အကြားဝင်ငွေရနေပါတယ်။ ဒါပေမဲ့ အိမ် နီးချင်းထိုင်းနိုင်ငံ၏ တင်ပို့မှု ၂ ဒသမ ၂ ဘီလျံကိုတော့ မမှီသေးပါဘူး၊ လက်ရှိအခြေအနေမှာ ဗီယက်နမ်နိုင်ငံက နာမည်ရနေတဲ့ ကုမ္ပဏီအကြီးတွေက ခေတ်မှီဆန်းသစ်ပြီး ပိုမိုဒီဇိုင်းလှပအောင် နည်းပညာများပေါင်းစပ်ကာ တီ ထွင်လာကြကြောင်းနဲ့ နိုင်ငံတွင်းမှာရှိတဲ့ လက်ဝတ်ရတနာဆိုင်ပေါင်း ၇၀၀၀ ကျော်တို့က ထိုကဲ့သို့ ဒီဇိုင်းဆန်းသစ် ပြီးတိုးမြှင့်တင်ပို့ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ သို့သော်လည်း အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ နိုင်ငံများနဲ့ ယှဉ်လျှင် အရည်အသွေးယခုထက်ပိုမိုမြင့်မားအောင် ကြိုးစားကြနေဦးမယ်လို့ ဗီယက်နမ်လက်ဝတ် ရတနာကုမ္ပဏီရဲ့ ဒါရိုက်တာ Tryor Thu Suory ကဆိုပါတယ်။ ဥရောပနဲ့ အမေရိကန်ဝယ်လက်များကို ပိုမိုဆွဲ ဆောင်ရန်လိုနေသေးပါတယ်။ ရွှေကျွမ်းကျင်သူများရဲ့ အပြောအရ ဗီယက်နမ်ကုန်သည်များ ဟာ နိုင်ငံရပ်ခြားမိတ် ဖက်ကောင်းရှာဖွေရန် လိုနေကြောင်းနဲ့ လက်ရှိကိုင်တွယ်နေတဲ့ ရွှေအလေးချိန် tael အစား ကမ္ဘာ့အများသုံးဖြစ်နေတဲ့ ဂရမ်နဲ့ အောင်စတို့နဲ့ သုံးစွဲသင့် ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
လက်ရှိဗီယက်နမ်နဲ့ ရွှေဈေးကတော့ ဇူလိုင်လ ၁၆ ရက်နေ့က ဗီယက်နမ်အခေါ် one tael (one tael=1.2 ounce) ဟာ ဒေါင်ငွေ ၁၉ ဒသမ ၄၀ သန်း အမေရိကန်ဒေါ်လာ ၁၁၄၇ နဲ့ ဈေးပေါက်ခဲ့ပါတယ်။ လာမဲ့ရက်အ နည်းငယ်မှာ ဈေးထပ်တိုးလိမ့်မယ်လို့လည်း ခန့်မှန်းနေပါတယ်။ လက်ရှိဈေးဟာ လွန်ခဲ့တဲ့နှစ် ရွှေဈေးထက် ၂၀ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျှင် ၉၇၄ ဒေါ်လာဖြင့် ၁ ဒသမ ၄၅ ရာခိုင်နှုန်းမြင့်လာကြောင်း၊ ယခုလများတွင် တရုတ်၊ အိန္ဒိယစတဲ့ အာရှနိုင်ငံများရဲ့ ပွဲတော်ရာသီကာလ များဖြစ်၍ စက်တင်ဘာလအထိ ရွှေဝယ်လိုအားတိုးမြင့်နိုင်ကြောင်း Ha Noi Luu က သုံးသပ်ခဲ့ပါတယ်။

Source:VNS news.com
WWN