MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (21 - 07 - 08)

လွတ်လပ်စွာကုန်သွယ်ရေးသဘောတူချက်များကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်မယ့် အာဆီယံ။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မနီလာမှာကျင်းပနေတဲ့ ဆွေးနွေးပွဲအတွင်း လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရေးကို အတည်ပြု ထောက်ခံကြဖို့ မျှော်လင့်တယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့ ဆွေးနွေးချက်မူကြမ်းမှာ ပါရှိပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ ဇူလိုင်လ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုများကို တိုက်တွန်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြတယ်လို့ ပူးတွဲတရားဝင်သတင်းထုတ်ပြန်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒ့ါအပြင် အာဆီယံ ဟာ ဂျပန်နဲ့လည်း လွယ်ကူရှင်းလင်းတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်မှုကို ရှေ့ရှု ဆောင်ရွက်ခဲ့ပါတယ်။
အာဆီယံနဲ့ ၎င်းရဲ့ ဆွေးနွေးဘက်နိုင်ငံများအကြား ချုပ်ဆိုလက်မှတ် ရေးထိုးထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်များကနေ စီးပွားရေးအကျိုး ရလာဒ်များ ရရှိအောင် ဆောင်ရွက်နေတဲ့အပြင် အတူတကွ ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မယ့် နည်းဗျူးဟာဆက်နွယ်မှုကိုလည်း ဆောင်ရွက်နေကြတယ်လို့ ၎င်းင်းစာကြမ်းများမှာ ပါရှိပါ တယ်။
ဂျပန်နိုင်ငံဟာ အာဆီယံနဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်ကို ဇွန်လမှာ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်-အာဆီယံကုန်သွယ်မှုဟာ အာရှနဲ့ အာဆီယံကုန်သွယ်မှုရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ ဒါ့အပြင် တိုကျိုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့ နဲ့လည်း နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်များက ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးကြိုးပမ်းဆောင်ရွက်ဖို့ လမ်းညွှန်ချက် တစ်ရပ် အဖြစ် စီးပွားရေးအသိုက်အ၀န်းစီမံချက်ကိုလည်း ချမှတ် ခဲ့ကြ ပါတယ်။
'' မိမိတို့အနေဖြင့် အသိုက်အ၀န်းတစ်ခုကို အတူတကွတည်ထောင်ဖို့ လိုအပ်ပါတယ်။ စိန်ခေါ်မှုတွေဟာ ပြင်းထန်မာကျောလာပါတယ်။ ဒါ့ကြောင့် မိမိတို့အုပ်စုက စုစည်းမှု မရှိဘူးဆိုရင် ဂလိုဘယ်လိုင်ဇေးရှင်းခေတ်မှာ ထိထိရောက်ရောက် ပြိုင်ဆိုင်၊ တုံ့ပြန် စီမံဆောင်ရွက်နိုင်မှာ မဟုတ်ဘူး'' လို့ အတွင်းရေးမှူးချုပ် Surin Pitsuwan က သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

Source: AFP
KMMH