ကမ္ဘာ့ဂျုံစားသုံးမှုမြင့်မားသော်လည်း ဂျုံထွက်ရှိမှုတိုးတက်၍ ဈေးနှုန်းကျမည်ဟုခန့်မှန်း။
၂၀၀၇-၂၀၀၈ အတွင်းက ပျမ်းမျှတစ်တန်မှာ ၃၆၂ ဒေါ်လာရှိနေခဲ့တဲ့ ကမ္ဘာ့ဂျုံဈေးနှုန်းက ၂၀၀၈- ၂၀၀၉ သီးနှံစိုက်ပျိုးကာလ (ဇူလိုင်-ဇွန်) တွေမှာ တစ်တန်ကို ၃၂၀ ဒေါ်လာ တွင သာရှိနေနိုင်ကြောင်း၊ သြစတြေးလျ လွတ်လပ်တဲ့ လယ်ယာစိုက်ပျိုးရေးသုတေသနနဲ့ စီးပွားရေးဌာနမှ Abare က ပြောကြားပါတယ်။
ဂျုံဈေးနှုန်းကျဆင်းမယ်လို့ ခန့်မှန်းရခြင်းမှာ ကမ္ဘာ့ဂျုံအထွက်တိုးမှုပမာဏက မြင့်မားနေတဲ့ ကမ္ဘာ့ ဂျုံစားသုံးမှုထက်ပိုမိုနေ၍ဖြစ်တယ်လို့ သိရပါတယ်။ နှစ်အလိုက် သိုလှောင် ထားရှိနိုင်မှု ပမာဏကျ ဆင်းသွားခြင်းက ဈေးနှုန်းမြင့်မားအောင် အထောက်အပံ့ပေးနိုင်ကြောင်းလည်း Abare က သတိပေးထားပြန်ပါတယ်။
ကမ္ဘာ့ဂျုံထုတ်လုပ်မှုက အီးယူဒေသမှာ ၁၇ ရာခိုင်နှုန်းနဲ့ အမေရိကန်မှာ ၁၃ ရာခိုင်နှုန်းတိုးတက်ဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့ရဲ့ ဂျုံထုတ်လုပ်မှုမှာ ယခင်နှစ်ကဲ့သို့ မပြောင်းမလဲထွက် နှုန်းမြင့်နေဦီးမယ် ဆိုကြပါတယ်။
အထူးသဖြင့် ဂျုံတင်ပို့မှုအများဆုံးနိုင်ငံ (၅) နိုင်ငံဖြစ်ကြတဲ့ အာဂျင်တီးနား၊ သြစတြေးလျ၊ ကနေဒါ၊ အီးယူ နဲ့ အမေရိကန်နိုင်ငံများမှ ထုတ်လုပ်မှုတန်ချိန်မှာ သန်း ၄၀ တိုးတက် ဖွယ်ရှိတယ်လို့ Abare ကဆိုပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဂျုံကုန်သွယ်မှုမှာ တန်ချိန် ၄ သန်းပိုမိုမှာဖြစ်ပြီး အဲဒီ Top 5 ၅ ဂျုံတင်ပို့တဲ့နိုင်ငံများမှ သင်္ဘောတင်ပို့မှုမှာ ၂ ရာခိုင်နှုန်းမြင့် တက်မယ်လို့ ဆိုပါတယ်။
ဂျုံအထွက်နှုန်းတိုး၍ အိန္ဒိယဟာ ဂျုံတင်သွင်းမှုကို လျော့ချဖွယ်ရှိတယ်ဟုလည်း Abare ကဆိုပါတယ်။ သို့သော် အယ်လ်ဂျေးရီးယား၊ အင်ဒိုနီးရှား၊ အီရတ်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ဂျုံတင်သွင်းမှုမြင့်မားမယ် လို့ခန့်မှန်းပါတယ်။
ကမ္ဘာ့ဂျုံထွက်နှုန်း |
(တန်ချိန်သန်းပေါင်း) |
| |
2006-2007 |
2007-2008 |
2008-2009 |
%Change |
| Production |
593 |
604 |
650 |
7.6 |
| Consumption |
611 |
612 |
632 |
3.3 |
| Closing Stocks |
120 |
112 |
131 |
17 |
| Export by top 5 |
80 |
78 |
79 |
- |
| Price( in $/tone) |
212 |
362 |
320 |
-11.6 |
Source:hindubsinessline.com
ပပ
|