အိုမင်းရင့်ရော်မှုကို ကျော်လွှားဖို့အမြဲကြိုးစားနေတဲ့ခေတ်မှာ။
လူတွေက အိုမင်းရင့်ရော်တာကို ကျော်လွှားဖို့အမြဲမပြတ်ကြိုးစားနေတဲ့အတွက် ဒီကနေ့ခေတ်မှာ အိုမင်းရင့်ရော်မှုတိုက်ဖျက်ရေး ကုထုံးကိုလူတွေကအရူးအမူးလိုက်နေပါတယ်။ ဂျပန်မှာ ကုသခန်းတစ်ခုက အိုမင်းရင့်ရော်မှုတိုက်ဖျက်ရေးကုထုံးအတွက် ဆားကိုအသုံးပြုလာကြပါတယ်။ ယောဂါကျင့်စဉ်တွေကို လေ့ကျင့်တာကတော့ အထူးအဆန်း မဟုတ် တော့ပါဘူး။ ဒါ့ပေမဲ့ အဲဒီကုသခန်းမှာတော့ ၅ မိနစ်လောက်လေ့ကျင့်ပြီးရင် ချွေး တွေနဲ့စိုရွှဲနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပူချိန်ကို ၄၁ ဒီဂရီဆယ်လ်စီးယပ်နဲ့ စိုထိုင်းဆ အဆင့်ကို ၄၅ ရာခိုင်နှုန်းပေးထားလို့ဖြစ်ပါတယ်။
ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူရဲ့ကြီးကြပ်မှုနဲ့ လူကိုမခံချိမခံသာမဖြစ်စေဘဲ ချွေးထွက်ကိုထိန်းထား နိုင်တယ်လို့ဆိုပါတယ်။ ဒီကုသခန်းရဲ့ ထူးခြားချက်ကတော့ ဆားကိုအသုံးပြု တည်ဆောက်ထားတဲ့အတွက်ဖြစ်ပါတယ်။ မျက်နှာကျက်၊ နံရံတွေနဲ့ ကြမ်းခင်းစတာတွေကို ဆားနဲ့ပဲတည်ဆောက်ထားပါတယ်။ ဆားကို ဂျပန်ပြည် Inland Sea ဒေသကနေ တိုကျိုမြို့ကိုသယ်ယူရပါတယ်။ ကုသခန်းအ၀င်ဝမှာသုံးထားတဲ့ပစ္စည်းတွေကိုတောင် ဆားနဲ့လုပ်ထားပါတယ်။ ဒါမျိုးလုပ်ထားတာက ဂျပန်ပြည်မှာပထမဦးဆုံးလို့ဆိုပါတယ်။
ဟိုးရှေးခေတ်ကတည်းက သန့်ရှင်းစင်ကြယ်အောင်လုပ်တဲ့နေရာမှာ ဆားကိုသုံးရတာပါပဲ။ ဂျပန်လူမျိုး တွေရဲ့ဘ၀တစ်သက်တာမှာ ဆားဟာအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါ တယ်။ ပြီးတော့ Washi လို့ခေါ်တဲ့ ဂျပန် စက္ကူကိုသုံးကြတယ်။ အဲဒီစက္ကူကလည်းဆားလိုပဲရှေးခေတ်ကတည်းက အသုံးပြုခဲ့ကြတာပါ။
Washi ဆိုတဲ့ စက္ကူက အခန်းတွေကို တန်ဆာဆင်ဖို့သုံးပါတယ်။ သူ့ကိုသုံးရင် အခန်းက နွေးနွေးထွေး ထွေးရှိပါတယ်။ ဒီကုသခန်းက လေ့ကျင့်ခန်းတွေမလုပ်နိုင်တော့တဲ့ သက်ကြီးပိုင်းတွေကို ဆွဲဆောင် နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဆားနဲ့လုပ်ထားတဲ့ အခန်းမှာထိုင်ပြီးအသက်ရူနေယုံနဲ့တင် သွေးလည်ပတ်နှုန်းကောင်းလာမယ်။ ခန္ဓာကိုယ် အတွင်းက ဓါတ်ပြောင်းလဲမှုကောင်းလာမယ်။ အဆိပ်အတောက်ပြေသွားမယ်လို့ ဆိုပါတယ်။
Source:BBC News
သုတ
|