MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (20- 07 - 2010)

၂၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးအဆင့် အစည်းအဝေး။

၂၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါလတ်မြို့ (Dalat) တွင်ကျင်းပမှာဖြစ်ပါတယ်။
အစည်းအဝေးမှာ စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုကိစ္စရပ်များကို ဆွေးနွေးမှာဖြစ်ပါတယ်။ အာဆီယံ ၀န်ကြီး ၁၀ ဦးအပြင် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ရုရှားစတဲ့နိုင်ငံတွေအပါ အ၀င် အာရှ-ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်များနဲ့ စီးပွားရေးခေါင်းဆောင်များ တက်ရောက်မှာဖြစ်ပါတယ်။
၂၀၁၀-၂၀၁၅ ခုနှစ်အတွင်း အာဆီယံစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံကိန်း (Asean Plan of Action for Energy Cooperation-APAEC) အရ ၂၇ ကြိမ်မြောက်အာဆီယံစွမ်းအင်ဝန်ကြီးအဆင့် အစည်း အဝေးကို ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံမှာကျင်းပခဲ့ပါတယ်။ အာဆီယံစွမ်းအင်ဖြန့်ဖြူးမှုစနစ်နဲ့ အာဆီယံဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းမှုစနစ်တို့ကို လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ကျောက်မီးသွေးနဲ့ ကျောက်မီးသွေးသန့်စင်နည်းပညာ၊ စွမ်းအင်ထိရောက်စွာ အသုံးပြုရေးနဲ့ ထိန်းသိမ်း ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဒေသဆိုင်ရာစွမ်းအင်ပေါ်လဆီနဲ့ အရပ်ဘက်နျူကလီးယား စွမ်းအင်စီမံကိန်း တို့လည်း ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်း သိရှိရပါတယ်။
Source:aseanaffairs.com(12-7-2010)
သိန်းမြင့်ဝေ