Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (20- 07 - 2010) |
ဇွန်လတွင် တရုတ်နိုင်ငံ၏ သဘာဝရော်ဘာတင်သွင်းမှု ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း။
၂၀၁၀ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံက သဘာဝရော်ဘာတန်ချိန် ၁၂၀၀၀၀ တန်တင်သွင်းခဲ့ပြီး နှစ်အ လိုက် ၇ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မေလတွင် သဘာဝရော်ဘာတန်ချိန် ၉၀၀၀၀ တန် တင်သွင်းခဲ့ ပြီး ဇွန်လက မေလထက် ၃၃ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း၊ ယခုနှစ်ပထမ ၆ လတွင် တရုတ်နိုင်ငံရဲ့ သဘာဝရော်ဘာ တင်သွင်းမှုမှာ တန်ချိန် ၈၄၀၀၀၀ တန်ဖြစ်ခဲ့ပြီး နှစ်အလိုက် တစ်ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာနမှ ဖော်ပြထားပါတယ်။
ကမ္ဘာတွင် တရုတ်နိုင်ငံက သဘာဝရော်ဘာအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်ပြီး သဘာဝရော်ဘာကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းလျက်ရှိပါတယ်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံက သဘာဝ ရော်ဘာတန်ချိန် ၁ ဒသမ ၇၁ သန်းတင်သွင်းခဲ့ပြီး ၂၀၀၈ ခုနှစ်ထက် ၁ ဒသမ ၇ ရာခိုင်နှုန်းပိုမိုခဲ့ကာ synthetic ရော်ဘာတင်သွင်းမှုမှာ တန်ချိန် ၁ ဒသမ ၄၇ သန်းရှိရာ နှစ်အလိုက် ၂၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
Source:ChinaKnowledge(14-7-2010)
နှင်းပန်းဖြူ
|
|