နှစ်စဉ်ကော်ဖီတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိရန် ဗီယက်နမ်မျှော်မှန်း။
ဗီယက်နမ်ကော်ဖီထုတ်လုပ်ခြင်းဟာ အလားအလာအကောင်းဆုံးရှိပြီး နှစ်စဉ်ကော်ဖီတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံ ရရှိမယ်လို့ လေ့လာဆန်းစစ်သူများ ကိုးကားဖော်ပြချက် ကို ဗီယက်နမ်သတင်းဌာနကထုတ်ပြန်ခဲ့ပါတယ်။
ဗီယက်နမ်ဟာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO )ရဲ့အဖွဲ့ ၀င်ဖြစ်နေတာကြောင့် နှစ်စဉ် ကန်ဒေါ်လာ စုစုပေါင်း ၆၃၅ ဘီလီယံ အထိ သုံးဖြုန်းပေးမယ့် စားသုံးသူ ၅ ဘီလီယံကို ၀န်ဆောင်မှုပေးဖို့ အခွင့်အလမ်းတွေရှိတယ်လို့ ဗီယက်နမ် ကိုကိုးနဲ့ ကော်ဖီအသင်း ဥက္ကဌ Long Van Tu က ကပြောကြားခဲ့ပါတယ်။
ကမ္ဘာမှာ ကော်ဖီသောက်သုံးမှုဟာ ၁ နှစ်ကို အိတ်ရေ ၂ သန်း (၁ အိတ် - ၆၀ ကီလို) မြင့်တက်နိုင်လိမ့် မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အိတ်အရေအတွက်ပမာဏ ၁၄၀ သန်း ဖြစ်လာ လိမ့်မယ်လို့ ၎င်းင်းကပြောကြားခဲ့ပါတယ်။
ယခုအခါ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ်တစ်ကမ္ဘာလုံးရှိ နယ်ပယ်များနဲ့ နိုင်ငံပေါင်း ၇၀ သို့ ကော်ဖီတန်ချိန် ၈၅၀၀၀၀ တင်ပို့နေပြီး ကော်ဖီစိုက်ပျိုးဧက ဟက်တာ ၅၀၀၀၀၀ ၀န်းကျင် စိုက်ပျိုးနေလျက်ရှိပါတယ်။
၂၀၀၈ ခုနှစ် ပထမ နှစ်ဝက်မှာ Country & rsquos ရဲ့ကော်ဖီတင်ပို့မှုမှ ရရှိငွေဟာ တင်ပို့မှုပမာဏ သိသိသာသာကျဆင်းနေတဲ့ကြားမှ ကန်ဒေါ်လာ ၁ ဘီလီယံ မြင့်တက်ခဲ့ပါ တယ်။
Source: VNA new
TZL
|