မိုးနည်း၍ အိန္ဒိယဆီထွက်သီးနှံထွက်ရှိမှုလျော့ကျနိုင်။
ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ၀ယ်ယူတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို လျော့ကျစေသဖြင့် ဆီထွက် သီးနှံထွက်ရှိမှုလျော့နည်းကာ ပြည်ပစား သုံးဆီပိုမိုဝယ်ယူတင်သွင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်ကလည်း ဆီထွက်သီးနှံထွက်ရှိမှုဟာ တန်ချိန် ပေါင်း ၁၆ ဒသမ ၈ သန်းဝန်းကျင် လျော့နည်းဖွယ်ရှိခဲ့တယ်ဟု ကုမ္ပဏီသက်တမ်း နှစ် (၄၀) ကျော်ရှိနေပြီဖြစ်တဲ့ Dipak Enterprises ကုမ္ပဏီမှ ညွှန်ကြားရေးမှူး Patel က ပြောကြားပါတယ်။
၁၃ နှစ်တာကာလအတွင်း လျင်မြန်စွာကြီးထွားလာတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရတဲ့ အိန္ဒိယဟာ လာမဲ့နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်မီ စားသုံးဆီဈေးနှုန်းများ အေးသွားစေဖို့ ဆောင်ရွက်ရ မှာဖြစ်ပေမဲ့ အိန္ဒိယအနေနဲ့ ဆီအမြောက်အများတင်သွင်းနေရမှုက ယခုနှစ်မှာ ဈေးနှုန်းမြင့်လာတဲ့ စားအုန်းဆီနဲ့ ပဲပုပ်စေ့ ဆီဈေးနှုန်းများကို ပိုမိုမြင့်မားလာစေပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ယခုနှစ် ဇွန်လ ကုန်အထိ (၈) လတာ ကာလအတွင်း စားအုန်းဆီတင်သွင်းမှု ၁၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ လာမဲ့ ဇူလိုင်လမှ အောက်တိုဘာ လအတွင်း ပြီးခဲ့တဲ့ ပျမ်းမျှတစ်လ၀ယ်ယူမှုတန်ချိန်မှာ ၅၅၀၀၀၀ ဖြစ်လာဖွယ်ရှိကြောင်း၊ ဧပြီလနဲ့ မေလအကြား တစ်လ၀ယ်ယူမှုတန်ချိန်မှာ ၃၀၀,၀၀၀ သာဖြစ်တယ်လို့ Patel က ဇူလိုင်လ ၄ ရက်နေ့က ပြောကြားပါတယ်။
အိန္ဒိယနိုင်ငံမှာ ပဲပုပ်စေ့ကို ဒုတိယအများဆုံးစိုက်ပျိုးတဲ့ မဟာရတ်ခ်ျရှရာပြည်နယ်နဲ့ မြေပဲစိုက်ပျိုးမှုအများ ဆုံးပြည်နယ်များဖြစ်တဲ့ အန်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ တမီးလ်နာဒူတို့မှာလည်း မိုးနည်းပါးကြောင်း၊ မုတ် သုန်ရာသီဖြစ်သော်လည်း လာမဲ့ ၄/၅ ရက်အတွင်း မုတ်သုန်မိုးပြန်လည်အားကောင်းမဲ့ အခြေအနေမရှိသေး ကြောင်း၊ မုတ်သုန်ကာလအတွင်း ဇွန်လနဲ့ စက်တင်ဘာလလယ်အကြား စိုက်ပျိုးလေ့ရှိတဲ့ ဆီထွက်သီးနှံပမာဏ က စုစုပေါင်းဆီထွက်သီးနှံထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းရှိပေမဲ့ ဇွန်လမှ ဇူလိုင်လ ၉ ရက်အတွင်း မိုးရေချိန်ဟာ သာမန် ရရှိရမဲ့ ပမာဏထက် ၂၀ ရာခိုင်နှုန်းလျော့ကျနေပြီး မြေပဲနှင့် ပဲပုပ်စေ့စိုက်ပျိုးမြေဧရိယာ အနည်းငယ်လျော့ကျသွား သောကြောင့် မြေပဲထွက်ရှိမှုကို စိုးရိမ်ပူပန်နေရပါကြောင်း ဆီလုပ်ငန်းနဲ့ ကုန်သွယ်မှုဗဟိုအဖွဲ့ဥက္ကဌက ပြောကြား ခဲ့ပါတယ်။
Source:Bloomberg.com
ပပ
|