စားနပ်ရိက္ခာဈေးနှုန်းမြင့်မားမှုဒဏ်ခံစားနေရသော ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံကို FAO ကူုညီမည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ဟာ ကမ္ဘာ့စားနပ်ရိက္ခာမြင့်တက်မှုနဲ့ လယ်ယာသုံးပစ္စည်းများ ဈေးမြင့်မား မှုကိုခံစားနေရတဲ့ လယ်သမားများနဲ့ ဆင်းရဲသားမိသားစုများအား အကူအညီပေးရန် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှာ စီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစီမံကိန်းများအရ လယ်သမားများအား ယခုလမှစပြီး တစ်နှစ်ကြာကာလအတွင်း လယ်ယာသုံး ပစ္စည်းများ စတင်ထောက်ပံ့မှာဖြစ်ကြောင်းလည်း သိရပါတယ်။ အဲဒီစီမံကိန်းအတွက် ရန်ပုံငွေကို FAO ရဲ့ အရင်း အမြစ်တစ်ခုဖြစ်တဲ့ FAO's Intative on Soaring Food Prices (ISFP) ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်က အထောက်အပံ့ပေးကြောင်း သိရပါတယ်။
အဓိကရည်ရွယ်ချက်မှာ လာမဲ့ စိုက်ပျိုးရာသီမှာ အောင်မြင်စွာစိုက်ပျိုးထွက်ရှိရေး ရည်ရွယ်ပါတယ်။ ရေရှည် မှာလည်း စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်စေဖို့ လယ်ယာသုံး ပစ္စည်းများဖြစ်တဲ့ မျိုးစေ့နဲ့ ဓါတ်မြေသြဇာတို့ကို ထောက်ပံ့ပေးမှာဖြစ်ကြောင်း၊ ဒါမှသာ လယ်သမားများဝင်ငွေတိုးတက်မယ့်အပြင် ကျေးလက်နဲ့ မြို့ပြလူဦးရေများ စားနပ်ရိက္ခာ ရရှိမှု၊ အဆင်ပြေချောမွေ့ရှိလာစေရေး ရည်ရွယ်ကြောင်း သိရပါတယ်။
FAO က အထောက်အပံ့ပေးမဲ့ ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှာ အာရှမှ ကမ္ဘောဒီးယား၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံတို့ ပါဝင်ကြောင်း သိရပါတယ်။
Source:FAO
ပပ
|