နိုဝင်ဘာလမှာကျင်းပမဲ့ Tea and Coffee World Cupအိမ်ရှင်အဖြစ် အိန္ဒိယလက်ခံကျင်းပမည်။
ကမ္ဘာ့ဖလားပွဲတစ်မျိုးဖြစ်တဲ့ လ္ဘက်ရည်နဲ့ကော်ဖီကမ္ဘာ့ဖလားပွဲကို နိုဝင်ဘာလအတွင်း ဟိုက်ဒရာဘတ် မြို့မှာ ကျင်းပမှာဖြစ်ပြီး ယင်းပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ်အနေနဲ့ အိန္ဒိယ နိုင်ငံက လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
အာရှ လ္ဘက်ရည်နဲ့ကော်ဖီထုတ်လုပ်မှု ဂျာနယ်ကဦးဆောင်တဲ့ ဒီပြပွဲကြီးမှာ ပြပွဲများ၊ ပြခန်းများ၊ နှီးနှော ဖလှယ်ပွဲများ၊ အိန္ဒိယကော်ဖီသံတမန် Sunalini N Menon ရဲ့ ကော်ဖီ ခွက်ပြုလုပ်ခြင်း သင်တန်းများနဲ့ အိန္ဒိယ ပုဝ္ဂလိကကုမ္ပဏီ Kappi Machines ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Vikram Khurana မှ ကော်ဖီ၊ လ္ဘက်ရည်ဖျော်နည်းသင်တန်းများ ပါဝင်ပြသမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးကို ဥရောပနဲ့ အာရှနိုင်ငံများမှာ တစ်နှစ်စီ ကျင်းပသွားမှာဖြစ်ပြီး လ္ဘက်ရည်၊ ကော်ဖီနဲ့ ပတ်သက်၍ ကျွမ်းကျင်သူများတက်ရောက်မှာ ဖြစ်ပါတယ်။ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုများခင်းကျင်းပြသပြီး ဖိုရမ်များ ကျင်းပ သွားမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်မဲ့ Tea and Coffee World Cap /Asia 2008 အခမ်းအနားကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး၊ ဒီအခမ်းအနားမှာ ကမ္ဘာ့အကောင်းဆုံးကော်ဖီနဲ့ လ္ဘက်ရည် စမ်းသပ်ရွေးချယ်ခြင်းပြိုင်ပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်။
CTM
Source: commodityonline
|