MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (11- 07 - 08)

ရွှေဈေးနှုန်းတက်အောင် အခက်ပွားစေတဲ့အချက်များ။

လူတိုင်းက ရွှေကိုရုတ်တရက်ကြီး ဘယ်လိုအသဲအမဲဖြစ်လာရတာလဲ။ လွန်ခဲ့တဲ့(၆)နှစ်လောက်က ဒီလူတွေ ဘယ်ပျောက်လို့်ဘယ်ရောက်နေကြတာလဲ။ ရှေ့ရေးအတွက် အခက်အခဲကြုံရင် ရွှေကခှိုလုံစရာနေရာပေးပါလိမ့်မယ်။ အာမခံကောင်းအားလုံးလိုပါပဲ။ခလုတ်ထိမှ အမိမတနဲ့ မိုးလွန်မှထွန်မချနဲ့။ ဒုက္ခမရောက်ခင် ကြိုတင်ဝယ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။
အဆိုးဝါးဆုံးအခြေအနေနဲ့ ဘယ်လောက်ထိ ကြုံခဲ့ရပါသလဲ။
၁။ မဟာစီးပွားပျက်ကပ်ကြီး ဖြစ်ပြီးနောက်ပိုင်း Dow Jone ဟာဇွန်လအတွင်းက အဆိုးဝါးဆုံး အဖြစ်နဲ့ကြုံခဲ့ပါတယ်။ ဒီလ အတွက်၁၀ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါတယ်။
၂။ ဂျင်နရယ်မော်တာရဲ့ စတော့ဈေးနှုန်းက ၅၄ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းခဲ့ပါတယ်။
၃။ ကမ္ဘာ့နိုင်ငံခြားလက်ကျန်ရန်ပုံငွေရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်ဒေါ်လာဟာ ကျန်ကမ္ဘာ့ငွေကြေးတွေနဲ့ လဲလှယ်ရာမှာ ၂၀၀၂ ခုနှစ်ကနဲ့နှိုင်းစာရင် ၃ ပုံ ၁ ပုံ ကျဆင်းခဲ့ပါတယ်။
၎။ ၂၀၀၃ခုနှစ်တုန်းကအမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတပ်ဖွဲ့တွေက အီရတ်နိုင်ငံ ရေနံမြေတွေကို လွတ်မြောက်မှုရအောင် ဆောင်ကျဉ်းပေးခဲ့ပါတယ်ဆိုတဲ့ နောက်ပိုင်းရေနံစိမ်း ဈေးနှုန်းက ငါးဆကျော် တက်ခဲ့ပါတယ်။
၅။ အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ လစ်ဗျားနိုင်ငံက ရေနံထုတ်လုပ်မှု လျော့ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ နှူကလီးယား အစီအစဉ်ကို ဆန်ကျင်တဲ့ အနေနဲ့ စီးပွားရေးပိတ်ဆို့လာမှာကို ရှောင်ရှားဖို့အတွက် အီရန်အစိုးရက ဥရောပမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ၇၅ ဘီလျံကို ပြန်ထုတ်ပြီးစပဲ ရှိပါသေးတယ်။
၆။ ကမ္ဘာ့ငွေကြေးဖောင်ပွမှုဟာ ၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုအခါမှာတစ်နှစ်ကို ၅ ဒသမ ၂ ရာခိုင်နှုန်းကျော် တက်နေပါတယ်။ သြဂုတ်လရောက်ရင် အမေရိကန်ပြည်ထောင်စရဲ့ ငွေဖောင်းပွမှုနှုန်းဟာ ၅ ဒသမ ၅ ရာခိုင်နှုန်းထိတက်လာလိမ့်မယ်လို့ Barclays Capital ကလေ့လာဆန်းစစ်သူတွေက ယုံကြည်ထားပါတယ်။
၇။ အိမ်ခြံမြေဈေးနှုန်းတွေက အမေရိကန်ပြည်ထောင်စု (တစ်နှစ်ကို ၁၅ ရာခိုင်နှုန်း)၊ အိုင်ယာလန် (၁၃ ရာခိုင်နှုန်း)နဲ့ ယူနိုက်တက်ကင်းဒမ်း (၃.၆ ရာခိုင်နှုန်း) စတဲ့နိုင်ငံတွေမှာ အကြီးအကျယ်ကျဆင်းခဲ့သလို စပိန်၊ သြစတေးလျ၊ တောင်အာဖရိက နဲ့ ဥရောပအရှေ့အလယ်ပိုင်းဒေသက ထွန်းသစ်စနိုင်ငံတွေမှာလည်း ကျဆင်းခဲ့ပါတယ်။ လက်ဗီးယား နိုင်ငံမှာဆိုရင် ယခုနှစ်မေလအထိ ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
၈။ အနောက်နိုင်ငံတွေရဲ့စားသုံးသူယုံကြည်မှုဟာ နှစ်ပေါင်းများစွာကျဆင်းနေပါတယ်။ထွန်းသစ်စ ဈေးကွက်တွေက စားသုံးသူတွေဟာ ငွေကြေးဖောင်းပွမှုနှုန်းအဆိုးဆုံးအဖြစ်နဲ့ ကြုံရတာ အနှစ် နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်ရာ နှစ်စဉ်တိုးတက်နှုန်းက ဗီယက်နမ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။လောင်စာဆီနဲ့စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှုကြောင့် အာရှမှာဆူပူအုံကြွမှုကို ဖြစ်စေခဲ့သလို ဥရောပ တစ်လွှားမှာလည်း အလုပ်သမားသမဂ္ဂတွေက ဦးစီးတဲ့ဆန္ဒပြမှု တွေကို ဖြစ်စေခဲ့ပါတယ်။
၉။ ရင်းနှီးမြှပ်နှံမှုဘဏ်တွေနဲ့ ငွေထုတ်ချေးတဲ့ဘဏ်တွေဟာ အာမခံစာချုပ်နဲ့ချေးထားတဲ့ ကြွေးမြီးတွေကို ပြန်သိမ်းရအောင် ဖိအားပေးခံနေရပါတယ်။ အငြိမ်းစားရန်ပုံငွေ အဖွဲ့တွေနဲ့ အာမခံရန်ပုံငွေအဖွဲ့တွေက ငွေတွေ ပြန်ထုတ်နေတဲ့အတွက် ဒီဘဏ်တွေရဲ့မတည်ရင်းနှီးငွေလုံလောက်မှု အချိုးအစားပျက်ပြားပြီး ငွေအသစ်ထုတ်ချေးတာတွေကို ရပ်ထားရပါတယ်။ ဒီလို အာမခံစာချုပ်နဲ့ထားတဲ့ ချေးငွေဖျက်သိမ်း တာကို ခွင့်ပြုပြီးတဲ့နောက်မေလ က ဗြိတိန်နိုင်ငံမှာဆိုရင် ချေးငွေအသစ်ထုတ်ချေးတာ၉၅ ရာခိုင်နှုန်း ထိကျ ဆင်းခဲ့ပါတယ်။
ရွှေကိုဝယ်ဖို့ဆုံးဖြတ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံသူက သူ့ဥစ္စာဓနကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါလိမ့်မယ်။ ဖျက်ဆီးဖျောက်လို့မရ။ ငွေလိုတန်ဖိုးမဖောင်းပွ။ ကမ္ဘာ့ဈေးကွက်မှာ ပုံသေတန်းဖိုးရှိနေတဲ့ ဒီရွှေဟာ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေနဲ့ ကွဲပြားပြီး ထူးထူးခြားခြား ရပ်တည်နေပါတယ်။ ဒီပိုင်ဆိုင်ပစ္စည်းက ၀င်ငွေရဖို့ အာမခံချက်ရှိပါတယ်။ စီးပွားရေးထွန်းကားလာတာနဲ့အမျှ သူ့တန်ဖိုးကလည်းတက်နေမှာပါ။

Source:Commodity Online
အယ်ဒီတာတစ်ဦး